I'm just a coward when it comes to you

4.1K 561 23
                                    

(Unicode)

ရိပေါ် ရှောင်ကျန့်နှင့် တခါမှဒီလိုရန်မဖြစ်ဖူး၍ မနေနိုင်မထိုင်နိုင်ဖြစ်နေသည်။ ပိုဆိုးသည်မှာ ရှောင်ကျန့်က သူပို့ထားသော message ကိုကြည့်သာကြည့်၍ ပြန်မပို့
ရိပေါ် ဖုန်းဆက်ချင်သော်လည်း ရှောင်ကျန့်သူ့ကိုတခုခုပြောမှာကြောက်၍ ဖုန်းလည်းမခေါ်ရဲ
တော်ကြာသူ့ကိုထပ်မတွေ့တော့ဘူးပြောရင် ဘယ်လိုလုပ်မလဲ သူ့ကိုမချစ်တော့ဘူးလို့ပြောရင်ရော စဉ်းစားရင်းနဲ့ပင် စိတ်တော်တော်လေးညစ်လာသည် message လည်းထပ်မပို့ရဲနှင့် နေရာထိုင်ရအတော်ခက်ကာ စိတ်ကလည်းမကြည်ချင်တော့
ရှောင်ကျန့်ကလည်း အတော်ပင်နေနိုင်သည် သူ့ကိုတနေကုန်လုံးမဆက်သွယ်လာ ဒါသူ့ကိုအနုနည်းနဲ့ဒုက္ခပေးနေတာများလား
ခုချက်ချင်းသွားတွေ့လို့ရရင်တွေ့ပစ်လိုက်ချင်သော်လည်း ဒီနေရာကိုသူအပျော်ခရီးထွက်လာတာမဟုတ်တော့ သူသွားချင်တဲ့အချိန်ထွက်သွားလို့မရပေ
ဒီအင်္ကျီတွေကလည်း ဇယားရှုပ်လိုက်တာ ဘယ်နှထပ်တောင်ဝတ်နေရမှာလဲ အခုမှပထမဆုံးဝတ်ဖူးတာလည်းမဟုတ် သူကိုယ်တိုင်ဝတ်ရတာလည်းမဟုတ်ပါပဲနှင့် မဆီမဆိုင်သူ့ကို ဂျပန်ရိုးရာအင်္ကျီလာဝတ်ပေးနေသူကိုပင် စိတ်တိုလာသည်
အခမ်းအနားပြီးသွားတော့ ညပင်ရောက်နေပြီ သူ့ဖုန်းကိုကြည့်လိုက်တော့ ဘာ message မှမလာ

ရိပေါ် စိတ်တွေမှာယောက်ယက်ခက်လာသည်  ဒီတစ်ခါရှောင်ကျန့်သူ့ကို တကယ်စိတ်ဆိုးသွာပြီထင်တယ် အရင်ကဆိုသူဘာလုပ်လုပ် ရှောင်ကျန့်ကအလိုလိုက်တာချည်း သူဘယ်လောက်စစ စိတ်ဆိုးတတ်တာမဟုတ်ဘူး ဘယ်လိုလုပ်ရမလဲ သူရှောင်ကျန့်ကိုတွေ့ရမှဖြစ်မယ် မတွေ့ရရင်လည်း အသံလေးဖြစ်ဖြစ်ကြားရမှ မဟုတ်ရင်...

"Aniki.. Waka နဲ့ရန်ဖြစ်ထားတာလား"

ရှောင်ကျန့် သူ့အိမ်ရှေ့ခန်းရှိဆိုဖာပေါ်တွင် ထိုင်နေသောပုဂ္ဂိုလ်နှစ်ယောက်ကိုကြည့်ကာ သွေးပင်တိုးချင်နေပြီ ဒီGangster တွေနဲ့ ဒီလိုသာဆိုရင် သူတော့အသက်ငယ်ငယ်နဲ့သွေးတိုးဖြစ်တော့မှာ အသေချာပဲ ဒီနှစ်ယောက်ဆိုသည်မှာလည်း သူ့နောက်ကို Aniki Aniki နဲ့ ခွေးလေးနှစ်ကောင်လိုပဲ အမြှီးတနှံ့နှံ့နဲ့လိုက်ကပ်နေတာ ရိပေါ်မရှိတော့ သူတို့အတွက်ပိုလွတ်လပ်ခွင့်ရနေသလိုလို ရိပေါ်ရှိတုန်းကဆို ရိပေါ်သိမှာကြောက်၍ခပ်ဝေးဝေးမှာနေကြသည်လေ
နေပါဦး ဒင်းတို့ကမားမရှိတော့ဘူးဆိုတာနဲ့ အိမ်ထဲကိုတံခါးမရှိဓားမရှိသလိုဝင်ထွက်နေကြတာ မဖြစ်ဘူး မဖြစ်ဘူး တခုခုလုပ်ရမယ်

Orange Where stories live. Discover now