No kissing

4.5K 556 15
                                    

(Unicode)

ဒီတစ်ခါတော့ ဒုက္ခရောက်သူမှာ ဝမ်ရိပေါ်
အစကတော့ သူစိတ်ထင်နေတာနေမှာပါလေဆိုပြီးဒီတိုင်းနေပေမယ့် တဖြည်းဖြည်းနဲ့ ရှောင်ကျန့်ကသူနမ်းမယ်လုပ်လိုက်တိုင်း တခုခုအကြောင်းပြပြီးရှောင်နေတာ သူသတိထားမိလာသည်

ဒီနေ့တော့... ဒီနေ့လည်းသူရှောင်ကျန့်အိမ်ကိုရောက်နေပြန်ပြီ နွေကျောင်းပိတ်ရက်ဆိုတော့  ကျောင်းဖွင့်တုန်းကလိုနေ့တိုင်းမတွေ့ရတော့ဘူးလေ ရှောင်ကျန့်ဆီသာသူမလာလျှင် သူတို့တွေ့ရမှာကိုမဟုတ်ဘူး သူ့အိမ်ထိလည်းရှောင်ကျန့်ကို နေ့တိုင်းမလာစေချင် သူကလည်းနေ့တိုင်းတွေ့ချင်နေတာဆိုတော့
အမှန်မှာ ရိပေါ်သူ့အိမ်ကိုမပြန်တော့တာဆိုလျှင်ပိုမှန်မည် ရှောင်ကျန့်တို့အိမ်လေးကအိမ်နဲ့ပိုတူတယ်မလား

အခုတော့အိပ်ခါနီးပြီဆိုတော့ ဘာကိစ္စမှမရှိလောက်တော့ဘူး ရိပေါ် သူ့ကိုကျော်ပေး၍ဖုန်းကြည့်နေသော ရှောင်ကျန့်ကိုခုန်အုပ်ကာ နမ်းရန်ကြိုးစားစဉ် ရှောင်ကျန့်သူ့မျက်နာကိုတဖက်သို့လှည့်၍ ရှောင်လိုက်သောကြောင့် နှုတ်ခမ်းကိုမနမ်းမိဘဲ ပါးကိုသာနမ်းမိသွားလေသည်
သေချာပြီ တခုခုတော့မှားနေပြီ
ရိပေါ် ရှောင်ကျန့်ရှောင်သည့်ဘက်ဇွတ်အတင်းလိုက်နမ်းသော်လည်း ရှောင်ကျန့်မှာဟိုဘက်ဒီဘက်လှည့်ကာအရှောင်အတိမ်းကောင်းလှသောကြောင့် တချက်မှမနမ်းမိ
ရိပေါ်စိတ်တွေရှုပ်ထွေးလာကာ

"ဘေဘီ ဘာဖြစ်နေတာလဲ"

ရှောင်ကျန့်ကိုကြည့်ရတာ သူ့ကိုစိတ်ဆိုးနေပုံလည်းမပေါက်ဘူး ဒါဆိုဘာဖြစ်နေတာလဲ
ရှောင်ကျန့်မှာ သူ့မျက်နာကိုတဖက်သို့လှည့်ထားကာ

"ရိပေါ်  ငါတို့မနမ်းတာကောင်းမယ်ထင်တယ်"

ရိပေါ်မျက်မှောင်ကြုံ့သွားကာ

"ဘာလို့လဲ"

ရှောင်ကျန့်ဘာမှဆက်မပြော အမှန်ကဘယ်လိုဆက်ပြောရမှန်းမသိ၍သာ

"ငါ..."

ရိပေါ် စိတ်မရှည်မရှည်နဲ့စောင့်နေသော်လည်း ရှောင်ကျန့်ဘာမှဆက်မပြောလာသောကြောင့်

Orange Donde viven las historias. Descúbrelo ahora