Please save him!

4.1K 539 12
                                    

(Unicode)

အဆောက်အဦးအစွန်းကို ကိုင်ထားသော
သူ့လက်များမှာ နာကျင်နေရာမှ တဖြည်းဖြည်းနဲ့ထုံလာကာ ဘာခံစားမှုမှမရှိတော့သောအဖြစ်ဆီသို့ရောက်နေသော်လည်း ရှောင်ကျန့်အရှုံးမပေးချင်သေး
ဦးခေါင်းနောက်မှရိုက်ခံထားရသော နေရာမှာလည်းသွေးများစိမ့်နေသေးသည်ထင်သည် လေတချက်တိုက်လိုက်တိုင်း အေးခနဲဖြစ်နေတာ ဟင် မဟုတ်သေးဘူး တကယ်ကသူ့တကိုယ်လုံးအေးအေးကြီးဖြစ်နေတာ
ရှောင်ကျန့် အသိအာရုံများမှာ လွတ်တချက်မလွတ်တချက်
အချိန်ဘယ်လောက်ကြာသွားလဲ သူမသိပေမဲ့နောက်ဆုံးတော့ သူ့မျက်လုံးများမှိတ်ကာ အဆုံးမရှိသေးအမှောင်ထုကြီးဆီသို့ ကျရောက်သွားတော့သည်

လျော့ရဲလာသောသူ့လက်များမှာ အဆောက်အအုံအစွန်းမှ လွတ်သွားစဉ်

လွတ်သွားသောသူ့လက်တဖက်ကို တစုံတယောက်က အလောကြီးစွာဖြင့် ဆွဲကိုင်လိုက်သည်လား

ရိပေါ် ရှောင်ကျန့်ရှိရာအထပ်ဆီရောက်တော့ ဟင်းလင်းပြင်ဆီဒုံးဆိုင်းပြေးကာ သူလက်လှမ်းလိုက်ချိန်တွင် ရှောင်ကျန့်လက်ကိုမှီလိုက်တယ်ဆိုရုံလေးပေမယ့် သူ့ခန္ဓာကိုယ်တပိုင်းလုံးကို တွဲလောင်းခိုကာ ရှောင်ကျန့်လက်တဖက်ကို မရရအောင်ဖမ်းကိုင်ထားမိသည်
ထို့နောက် သူ့ကိုမော့ပင်မကြည့်နိုင်တော့သော ရှောင်ကျန့်ခန္ဓာကိုယ်ကို ဂရုတစိုက်မြှောက်ကာတင်ပေးလိုက်ပြီး သူပါလိုက်တက်လာခဲ့သည်

ကြမ်းပြင်ပေါ်ရောက်သည်နှင့် တပြိုင်နက်တည်း ရိပေါ် ရှောင်ကျန့်နားရောက်သွားကာ ရှောင်ကျန့်ခန္ဓာကိုယ်ကိုဆွဲထူလိုက်စဉ် မြင်လိုက်ရသော ချစ်ရသူ၏မျက်နာ
ရိပေါ်လက်များမှာတုန်ယင်လျက် ညိုမဲကာဖူးယောင်နေသော ရှောင်ကျန့်၏မျက်နာကို သူမထိရက်မကိုင်ရက်
ထိုစဉ် သူ့စိတ်ထဲတွင် ရုတ်တရက်တက်လာသော ဒေါသ

သတ်မယ်..

အကုန်လုံး အကုန်လုံး

သူ့စိတ်ထဲတွင်ဖြစ်ပေါ်လာတဲ့ဒေါသက ရှောင်ကျန့်ကိုဒီလိုလာထိရဲတဲ့သူ အကုန်လုံးကိုသတ်ပစ်မှပဲ ငြိမ်းချမ်းတော့မှာ

Orange Where stories live. Discover now