(Unicode)
ဂျပန် Narita လေဆိပ်ကိုရောက်လျှင်ရောက်ချင်း ရိပေါ် အရင်ဆုံး ဖုန်းခေါ်သူမှာ ရှောင်ကျန့်
နိုင်ငံရပ်ခြားဆိုပေမယ့် ဂျပန်နဲ့ Shanghai နဲ့က သုံးနာရီစာပဲလေယာဉ်စီးရတော့ ရိပေါ်အတွက် နိုင်ငံခြားနှင့်တော့မတူ
ရိပေါ်ရောက်သည့်အချိိန်မှာ ညနေခင်း ဂျပန်စံတော်ချိန် ၄:၀၀ နာရီကျော်ကျော်လောက်ဖြစ်၍ Shanghai တွင်တော့ ၃:၀၀ နာရီလောက်သာရှိဦးမည်"ဟယ်လို ရိပေါ် ရောက်သွားပြီလား"
ရိပေါ် လေယာဉ်ပေါ်ရောက်ပြီဟု message ပို့ကတည်းက ရှောင်ကျန့်တစ်ယောက် ဖုန်းနားမှာတုပ်တုပ်မလှုပ်ထိုင်စောင့်နေသည်လေ
"အင်း ရောက်ပြီ ဘေဘီ"
ပြောနေရင်းနဲ့ ရိပေါ် Video call ကိုနှိပ်လိုက်၍ ရှောင်ကျန့်ပါးလေးကပ်လျက်ပေါ်လာသည်
"Mwah"
ရှောင်ကျန့် ကြောင်သွားပြီးဖုန်းကိုလှည့်ကြည့်တော့မှ ရိပေါ်ကိုမြင်ပြီး ဖုန်းကိုမျက်နာနဲ့အမြန်ခွါလိုက်ရသည်
ရှက်ပြီး ရယ်ကျဲကျဲကလုပ်နေသေးသည်
မလွမ်းဘူးထင်ထားတာ တစ်ယောက်မျက်နာတစ်ယောက်မြင်တော့လည်း အလွမ်းတွေပိုရပြန်သည်
လေဆိပ်ဆို၍ လူရှုပ်နေလိမ့်မည်လို့ ရှောင်ကျန့်ထင်ထားသော်လည်း ရိပေါ်ထိုင်နေသည့်နေရာတွင် လူပင်သိပ်မရှိ"ရိပေါ် လေဆိပ်ကလူလည်းသိပ်မများဘူးနော်"
ရှောင်ကျန့် စကားကိုကြားတော့ ရိပေါ်သဘောကျစွာတချက်ရယ်လိုက်ပြီး
"ဒါ VIP lounge မို့လို မရှိတာ အပြင်မှာရှိပါတယ်"
"အော်.."
ရှောင်ကျန့်မှာ ကလေးလေးတစ်ယောက်လို တအံ့တဩလုပ်နေ၍ ရိပေါ်ပို၍ပင်သဘောကျကာ ရယ်မိပြန်သည်
"ချစ်စရာကောင်းအောင်လုပ်ပြမနေနဲ့ ပါးကိုဆွဲပစ်ချင်တာ ဘာမှလည်းလုပ်လို့မရဘူး"
ထိုအခါကျ ရှောင်ကျန့် သွားလေးတွေပေါ်အောင် ရယ်လေသည်
"ရိပေါ် အိတ်တွေမယူဘူးလား"
ရိပေါ်ခေါင်းခါပြကာ
"ယူစရာမလိုဘူး လေယာဉ်က Kyoto ကိုတဆင့်ထပ်စီးရဦးမှာ ဒီမှာတွေ့စရာလူတစ်ယောက်ရှိလို့ transit ဝင်လိုက်တာ"
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
DU LIEST GERADE
Orange