Summer holiday is over

4.3K 551 27
                                    

(Unicode)

ဆေးရုံဆင်းပြီးတစ်ပတ်ကြာသော် နွေရာသီကျောင်းပိတ်ရက်ကုန်၍ ကျောင်းတွေလည်းပြန်ဖွင့်ကြပြီ

ရှောင်ကျန့်မှာတော့ကျောင်းမတက်နိုင်သေး

ဆရာဝန်က စိတ်ချရအောင် အိမ်မှာတလလောက်တော့နားရမည်ဆိုသည်
သူသတိရချိန်မှစ၍ အခုအိမ်ပြန်ရောက်ပြီးတပတ်အထိ ရိပေါ်တစ်ယောက်သူ့နားကမခွါပဲ လိုလေးသေးမရှိလိုက်လုပ်ပေးနေတာ သူသတိထားမိပါသည်
အစောပိုင်းရက်တွေဆိုလျှင် သတိရရချင်းမို့ဒဏ်ရာတွေကနာတိုင်း နဖူးတွင်ချွေးစတွေသီးကာ ရှောင်ကျန့်ညအိပ်မပျော်ပေ အိပ်ပျော်သွားလျင်လည်း အနာအရှိန်နှင့်နိုးလာတတ်သည်
ထိုအချိန်မျိုးတွင် သူစိတ်သက်သာစေရန် ဒါမှမဟုတ်အိပ်ပျော်စေရန် ရိပေါ် သူ့ဘေးကနေလက်ကလေးကိုင်ကာ လေသံအေးအေးလေးနှင့် စကားတွေ တဖွဖွပြောနေတတ်သည်
အနာသက်သာဆေးဘေးထွက်အာနိသင်တွေကြောင့် ဘာမှမစားနိုင်ပဲ ထိုးထိုးအန်သည့်အခါတိုင်းရိပေါ်က ပုံးလေးကိုင်လျက်သူ့ကျောလေးကိုသပ်ကာ ဘေးမှာရှိနေတတ်သည်
သူမျက်လုံးပွင့်လာတိုင်း ရိပေါ်သူ့နားလေးကိုရောက်လာကာ ဘာလိုလဲဘာစားချင်လဲမေးစမြဲ
ရှောင်ကျန့်မားတောင် ဘာမှသိပ်လုပ်စရာမလိုအောင် ရိပေါ်ကသူ့ဝေယျာဝေစ္စအကုန်လိုက်လုပ်ပေးသည်

အိမ်ပြန်တော့လည်း မရရအောင် ရှောင်ကျန့်မားကိုတောင်းပန်ကာ သူတို့အိမ်မှာလိုက်နေသည်
အခုလည်း ကျောင်းဖွင့်ချိန်ရောက်တော့ ကျောင်းမသွားပဲ ရှောင်ကျန့်နားမှာစောင့်မယ်လုပ်နေပြန်သည်
ရှောင်ကျန့်မှာ အမှန်ဆို အိမ်ပေါ်အိမ်အောင်ပင်ကိုယ်တိုင်ဆင်းလို့ရနေပြီ ဒါကိုတခုခုဆိုရိပေါ်က အလောတကြီးပြေးလာတုန်း

"ရိပေါ် ကျောင်းမတက်ဘူးဆိုရင် ဒီမှာလည်းမနေနဲ့တော့"

ချော့မရ ခြောက်မရသည့်အဆုံး ရှောင်ကျန့်မပြောချင်ပဲပြောရတော့သည်
ဟုတ်တယ်လေ သူဒီလောက်ထိလုပ်ထားတာတွေက ဘာအတွက်လဲ
ရိပေါ်ကို လူငယ်လေးတစ်ယောက်လိုလွတ်လွတ်လပ်လပ် ကျောင်းတက်စေချင်လို့ သူပျော်တာတွေလုပ်စေချင်လို့မဟုတ်ဘူးလား

Orange Where stories live. Discover now