(Unicode)
"Wicked!! Wicked!! Wicked"
"Beacon!! Beacon!! Beacon!!"
ကျောင်းပေါင်းစုံပြိုင်ပွဲ နောက်ဆုံးအဆင့်
နွေဦးပွဲတုန်းကလိုပဲ Beacon နှင့် Wicked final မှာတွေ့ကြရသည်။ Beacon မှာထိုစဉ်ကနှင့်မတူတော့ဘဲ စွမ်းရည်တက်လာသောကြောင့် ယခင်ကလိုတဖက်သတ် ဖိခံနေရတာမျိုးမဟုတ်တော့ဘဲ လက်ရည်တူအပြိုင်ကစားနေ၍ ဤပွဲမှာအလွန်ကြည့်လို့ကောင်းသော ပွဲတပွဲဆိုမမှားပေ
ရှောင်ကျန့် အရှေ့ဆုံးတန်းတွင်ထိုင်၍ ကစားကွက်များကိုလိုက်ကြည့်လိုက် ထအော်လိုက်ဖြင့် ကစားပွဲထဲကို ထဲထဲဝင်ဝင် အာရုံရောက်နေသည်။ ပွဲချိန်မှာ နောက်ဆုံးပိုင်းကိုရောက်နေပြီဖြစ်သော်လည်း နှစ်ဖက်လုံးဘယ်ဘက်ကမှမသာ ရလဒ်မှာသရေကျနေသေးသည်။ ပွဲပြီးခါနီး သုံးမိနစ်အလိုတွင် Feng Xue ဘောလုံးကို Goal ထဲထည့်ရန်ပုတ်လာသည် ထိုစဉ်တဖက်အသင်းမှလည်း အလုအယက် Feng Xue ကိုတွန်းကြဆွဲကြစဉ် Feng Xue ထိုသူတွေကိုရအောင်ကျော်ကာ ဘောလုံးထည့်ရန်ခုန်လိုက်သည်။ ထိုစဉ် တစ်ယောက်ယောက်သူ့ကိုဆွဲထားသောအရှိန်နှင့် သူခုန်လိုက်သောအရှိန်မှာ ကမောက်ကမဖြစ်ကာ ခြေထောက်ခေါက်ပြီး ညာဘက်ခြေချင်းဝတ်ထဲတွင် ဆစ်ခနဲဖြစ်၍ အနည်းငယ်ယိုင်သွားသည်။'Shit... ခြေထောက်ခေါက်သွားပြီ'
ညာဘက် ခြေချင်းဝတ်မှာ အသည်းခိုက်မတတ်နာကျင်နေသော်လည်း ပွဲကနှစ်မိနစ်ပဲကျန်တော့တာ သူတောင့်ထားမှဖြစ်မှာ
'ဘယ်သူမှသတိမထားမိဘူး ငါတောင့်ထားလိုက်ရင်ရပြီ'
Feng Xue ယိုင်သွားတာကို ဘယ်သူမှမမြင်လိုက်သော်လည်း Da Lin နှင့် ရှေ့ဆုံးတန်းမှသေချာလိုက်ကြည့်နေေသော ရှောင်ကျန့်တော့မြင်လိုက်ပါသည်။ စိတ်ပူသွားသော်လည်း ပွဲက ၂ မိနစ်ပဲကျန်တော့တာမလား
ထိုစဉ် Feng Xue လက်ထဲမှဘောလုံးမှာ ဝှစ်ခနဲ လုယူသွားခြင်းခံလိုက်ရကာ.."ဝေးးးးးးးး!!!!!!!!"
Wicked ဘက်ပရိသတ်ဆီမှ အော်သံမှ နားမခံသာအောင်ထွက်လာလေသည်။
၂ မိနစ်.. ၂ မိနစ်ဆိုတာဘာမှမကြာပေမယ့် Feng Xue အတွက်တော့ ကမ္ဘာပျက်မတတ်ပါပဲ
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
ESTÁS LEYENDO
Orange