(Unicode)
ဝမ်ရိပေါ်ဟာ လူစကားကိုနားမလည်တာလား နားမထောင်တာလား
သူ့ကိုမတွေ့ချင်ပါဘူး ခပ်ခွါခွါနေပါလို့ပြောထားတဲ့ ဘယ်အပိုင်းကိုနားမလည်တာလဲ
တကယ်ပဲ သူ့နောက်ကိုဘာလို့တကောက်ကောက်လိုက်နေရတာလဲ
ထိုနေ့ညက အဖြစ်အပျက်ကို ဘယ်သူမှမသိလိုက်သလို ထိုအဖြစ်အပျက်ပြီးနောက်ရက် school trip နောက်ဆုံးရက်ကစ၍ ရိပေါ်ရှောင်ကျန့်နားမကပ်သော်လည်း ရှောင်ကျန့်သွားလေရာနေရာတိုင်းတွင်ရှိနေတတ်သည်ကျောင်းမှာလည်းကျောင်းအလျောက်မို့
Corridor မှာစောင့်နေတတ်သလို တခါတရံ စက်ဘီးရပ်တဲ့နားမှာ တဝဲလည်လည်လုပ်နေတတ်သည်။
ထိုနေ့က အဖြစ်အပျက်ကိုပြန်စဉ်းစားကြည့်တော့..
သူသာ မငိုခဲ့ဘူးဆိုရင်
ဝမ်ရိပေါ် ဘယ်ထိများဆက်ဖို့စဉ်းစားနေတာလဲ
စဉ်းစားရင်းပင် ရှောင်ကျန့် မျက်နာတွေရဲတက်လာသည်။ ရိပေါ် လုပ်တဲ့အချင်းအရာတွေကို သူမရင်းနီးပါ သူသိတာက ချစ်သူရည်းစားတွေဖြစ်ရင် လက်ကလေးကိုင်မယ် ခါးလေးဖက်မယ် ပြီးရင် နမ်းတာလောက်ထိပဲ ကျန်တာတွေမသိသလို အဲ့လောက်ထိလည်းမစဉ်းစားမိအားးး ရှက်လိုက်တာ
နေပါဦး ဝမ်ရိပေါ်ကရော ဘာလို့အဲ့ဒါတွေသိနေရတာလဲ
ထိုစဉ် အတွေးတစ်ခုက ဝင်လာပြန်သည်
'သူတို့က ချစ်သူရည်းစားမှမဟုတ်တာ'
သူဟာတကယ်အမှတ်မရှိတဲ့သူလို့ပြောရင်လည်းခံရုံသာရှိတော့သည်။ မနေ့တနေ့ကမှ ရိပေါ်ကသူ့ကိုမကြိုက်ဘူးလို့ပြောထားတာကို
ပြီးတော့ သူ့အလိုမပါပါပဲနဲ့ သူ့ကိုလုပ်ချင်ရာလုပ်ထားတာမှမကြာသေးတာကို ချစ်သူရည်းစားတွေလို့စိတ်ကူးယဉ်နေမိသေးတယ်
ရှောင်ကျန့်က အဲ့လိုလူမျိုးပါပဲ တခုခုဆိုအမှတ်မထားတတ်တဲ့သူမျိုး
ရိပေါ်ကို စိတ်လည်းမနာသလို စိတ်လည်းမတိုတော့ပြန်ဘူး
ကဲ ဘယ်လောက်အမှတ်မရှိသလဲရိပေါ်တစ်ယောက်မှာလည်း ရှောင်ကျန့်ကခပ်ခွါခွါနေဆို၍သာ ခပ်ဝေးဝေးကနေ၍အကဲခတ်နေရသည်။ ဆွဲလားရမ်းလားလည်းမလုပ်ရဲ တော်ကြာဟိုနေ့ကလို ငိုသွားမှဖြင့်
ဘာကြောင့်မှန်းမသိ ရှောင်ကျန့်ရဲ့အာရုံတွေအားလုံးကိုသူ့ဆီမှာရှိနေစေချင်သည် သူနဲ့ပဲစကားပြော သူနဲ့ပဲထမင်းစား သူနဲ့ပဲအတူတူရှိနေ အကုန်လုံးသူနဲ့ပဲတူတူလုပ် အဲ့ဒါဘာများမှားနေလို့လဲ
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
YOU ARE READING
Orange