(Unicode)
ရှောင်ကျန့် အိပ်ယာပေါ်လှဲနေရင်း ဖုန်း screen ကိုငေးကြည့်နေမိသည်။
'ရိပေါ် ဘာလို့ပြန်သွားတာလဲ အိမ်ပြန်ရောက်ပြီလား'
Reply ပြန်မလာသော text message အောက်တွင် 3 hours ago တဲ့
"ဟူး.."
သက်ပြင်းတချက်ချလိုက်ပြီး
"ဖုန်းခေါ်လိုက်ရမလား"
'Sorry. The number you have dialed is power off'
~~~~
စနေ တနင်္ဂနွေ ကျောင်းပိတ်ရက် နှစ်ရက် ခံသွား၍ ရိပေါ်နှင့်မတွေ့ရသည့်အပြင် message လည်းပြန်မလာ
စနေ တနင်္ဂနွေတွင် ရှောင်ကျန့် ကျောင်း library ၌ part time အလုပ်ယူထားသည်။ အလုပ်လုပ်နေရ၍ ရိပေါ်အကြောင်းကိုလည်းမတွေးမိတော့
ရှောင်ကျန့် အလုပ်မှာ Library တွင် စာအုပ်များကို နာမည်အစဉ်လိုက်တိုင်းပြန်စဉ်ရသောအလုပ်ဖြစ်၍ အားနေချိန်တွင် library ထဲတွင် စာလုပ်လို့ရသည်။ စာမလုပ်ချင်လည်း စာအုပ်တစ်ခုခုဖတ်နေလို့ရ၍ ထိုအလုပ်ကလေးကို ရှောင်ကျန့်တော်တော်သဘောကျသည်။
High school library ဖြစ်၍ ညနေကျောင်းချိန်အတိုင်း ဖွင့်ပေးထားကာ ရှောင်ကျန့်မှာ ကျောင်းသားဖြစ်သည့်အတွက် အချိန်ပြည့်လုပ်စရာမလိုရှောင်ကျန့် တွန်းစင်ကလေးပေါ်တွင် စာအုပ်အထပ်လိုက်တင်လျက် စာအုပ်စဉ်အကြီးကြီးများကြား တစင်ဝင်တစင်ထွက် စာအုပ်တွေပြန်လိုက်ထားနေသည်။
တစ်နေရာ ရောက်သော တွန်းစဉ်ကို ရပ်လျက် စာအုပ်များပိုက်လာကာ စင်ပေါ်လိုက်ထားနေချိန်"ဒီနေ့ည ကိုယ့်တိုက်ခန်းလာမလား?"
သူစာအုပ်ထားနေသော စင်၏အခြားတဖက်မှအသံကြား၍ မရည်ရွယ်ပဲ ထိုနေရာသို့ အကြည့်ရောက်သွားမိသည်။
တဖက်တွင် ကျောင်းသားနှစ်ယောက် တစ်ယောက်မှာ စာအုပ်စင်နားကျောကပ်လျက် နောက်တစ်ယောက်မှာ စာအုပ်စင်ကိုလက်ထောက်ကာ ထိုကောင်လေးအပေါ်မှအုပ်မိုးထားသည်။ စာအုပ်စင်ဘက် ကပ်ခံထားရသောကောင်လေးမှာ ကျောပေးထားသောကြောင့် ရုပ်ကိုရှောင်ကျန့်မမြင်ရသော်လည်း သူ့အပေါ်မှမိုးထားသူကို ရှောင်ကျန့်ကောင်းကောင်းကြီးသိပါသည်။
အဲ့လို ကြူစီစီ အသံနဲ့ပြောတတ်တဲ့လူ နှစ်ယောက်မရှိဘူးလေ
အရင်က ကောင်မလေးတွေတတွဲတွဲနှင့် တွေ့ဖူးသော်လည်း ခုမှာယောက်ျားလေး
ရှောင်ကျန့် တဖက်ပုဂ္ဂိုလ်ကို ယောက်ျားလေးဟုတ်မဟုတ် သေချာကြည့်မိလိုက်သည်။ ဆံပင်တိုတိုနဲ့ မိန်းကလေးလဲဖြစ်နိုင်တယ်မလား
ယောက်ျားလေးနှစ်ယောက်ဆိုလည်းဘာမှမဖြစ်ပါဘူး ရှောင်ကျန့်ဟာအဲ့လိုမျိုးခွဲခြားဆက်ဆံတတ်သူမဟုတ်
![](https://img.wattpad.com/cover/219574763-288-k132962.jpg)
DU LIEST GERADE
Orange