Sweet 18

5.4K 521 39
                                    

(Unicode)

ရာသီဥတုသာယာပြီး ကောင်းကင်ပြာပြာတွင် တိမ်တွေကင်းစင်နေသောတစ်နေ့

Campus ထဲတွင် အဆောင်တဆောင်မှနောက်တဆောင်သို့ကူးရန်သွားနေသော ရှောင်ကျန့်လက်ထဲတွင် စာရွက်စာတန်းတွေ ကွန်ပြူတာအိတ်တွေနှင့် မနိုင်မနင်း
ထိုစဉ် ဖုန်းမြည်လာ၍ ဘောင်းဘီအိတ်ထဲလက်နှိုက်လိုက်တော့ လက်တဖက်မှစာရွက်များကလျှောခနဲ လွတ်ကျကာပြန့်ကြဲကုန်လေသည်

ရှောင်ကျန့်တစ်ယောက် ထိုနေရာတွင်ပင်ထိုင်ငိုချင်စိတ်ပေါက်သွားသည်
Semester တခုပြီးတော့မှာမို့ project တွေနဲ့ stress များတဲ့အထဲ အခုအတန်းကနောက်ကျပြန်တော့မယ်

ဖုန်းဆက်လာသူကိုကြည့်လိုက်တော့

'အိမ်ကပေါ်ပေါ်' ဘေးတွင် လုံးတုံးတုံး emoji လေးတွေကပါသေး

အစောက ငိုချင်နေသောစိတ်မှာ ဖုန်း screen ပေါ်မှနာမည်ကိုမြင်လျှင်မြင်ချင်း ချက်ချင်းဆိုသလို ပျောက်သွားပြန်ရော
Ah... အတန်းနောက်ကျလည်းနောက်ကျပါစေတော့

ရှောင်ကျန့် ဖုန်းကိုအမြန်ကိုင်လိုက်ကာ စာရွက်တွေကို မှီသလောက်လိုက်ကောက်လိုက်သည်

"ဟယ်လို ဘေဘီ"

ကြားနေကြအသံပေမယ့် ကြားတဲ့အချိန်တိုင်းမှာ အမြဲရင်ကိုအေးမြစေသော သူ့ကောင်လေးရဲ့အသံ
ရိပေါ်နဲ့သူနဲ့မတွေ့ရတာ ၆ လပင်ရှိတော့မည်
Video call ခေါ်တာကို ထည့်မတွက်ရင်ပေါ့
လေယာဉ် ခရီးစဉ်အကွာအဝေးက သုံးနာရီ Time zone ကတစ်နာရီသာခြားပေမယ့် ရိပေါ်ကရှောင်ကျန့််ရဲ့ အတန်းချိန်တွေအကုန်လုံးကို အလွတ်ရသည်
ထမင်းစားနားချိန် အလုပ်ချိန် အိမ်ပြန်ရောက်ချိန် အကုန်လုံး
ရှောင်ကျန့်အားချိန်တွေဆို ဝတ္တရားမပျက်ဖုန်းဆက်တတ်သည် ရှောင်ကျန့်ကရော..
သူအားချိန်ရောက်တိုင်း ရိပေါ်ဆီ message ပို့ပြီး အားမအားမေးကာ ရိပေါ်အားရင်ဖုန်းဆက်တတ်ပြန်သည်

ဖုန်းဆက်ပြီး ဘာပြောကြလဲဆိုတော့..

'စားပြီးပြီလား'

'ဘာလုပ်နေလဲ'

'သတိရတယ်'

နေ့တဓူဝပြောနေကြ စကားတွေပေမယ့် သူတို့နှစ်ယောက်အတွက်ကျ ငြီးငွေ့စရာမကောင်းသလို

Orange Where stories live. Discover now