(Unicode)
ဒေါက်.. ဒေါက်
ကားမှန်ကိုလာခေါက်သော အသံကြောင့် ကားထဲရှိပုဂ္ဂိုလ်များအပြင်လှမ်းကြည့်လိုက်ကြသော် ဦးထုပ်ဆောင်းထားသောလူတစ်ယောက်
ထိုပုဂ္ဂိုလ်များမှာ တချက်သာလှည့်ကြည့်ကာ အရေးမကြီးဟန်ဖြင့် အပြင်ကလူကိုဂရုမစိုက်တော့
ခဏကြာသော် ထောက်ခနဲတချက်မြည်သွားကာ ကားမှန်ကွဲသွားသည် အဖြစ်အပျက်များသည် မြန်ဆန်လွန်းလှ၍ ကားထဲမှ ကိစ္စတုံးခံလိုက်ရသောလူနှစ်ယောက်ပင် သူတို့ကိုသူတို့ဘာဖြစ်လို့ဖြစ်သွားမှန်းသိမယ်မထင် ကျန်တစ်ယောက်မှာတော့.."ဘယ်သူလွှတ်လိုက်တာလဲ"
ထပ်ခါထပ်ခါရေထဲတွင် အနှစ်ခံထားရသောကြောင့် ထိုလူမှာစကားတွေပင် ဗလုံးဗထွေးဖြစ်နေသည်။ ဒီလောက်လုပ်ခံထားရတာတောင် ထိုပုဂ္ဂိုလ်မှာ ပြန်အာခံနိုင်သေးသည်
"ထွီ ဟ ဟ ဟ ဘယ်သူကသိချင်တာလဲ"
ရိပေါ် ထိုလူကိုရေထဲပြန်နှစ်လိုက်သည် ဒီတခါတော့ ပြန်မဆယ်သေးပဲ အရင်ကထက်ပို၍ကြာကြာထားလိုက်သည်
"ဘယ်သူလွှတ်လိုက်တာလဲ"
ဒီတခွန်းပဲ ကျန်တာဘာမှမပြော
အကြောင်းအရာ ရေရေရာရာမသိသေးသောကြောင့် အဖွဲ့ထဲမှလူများမသုံးပဲ သူတစ်ယောက်ထဲလာခဲ့သည်။ အဖွဲ့လိုက်လှုပ်ရှားရင် သတင်းပျံ့ဖို့ကလည်းလွယ်သည်လေ
ရိပေါ်လက်ထဲမှကြိုးကိုဆွဲလိုက်သော် ထိုလူမှရေထဲမှဇောက်ထိုးကြီးပြန်ထွက်လာလေသည်။
ထို့နောက် ကြိုးကိုတနေရာတွင် ချည်လိုက်ကာထိုလူကိုဇောက်ထိုးတန်းလန်းပင်ထားထားလိုက်သည်။"ဘယ်သူလွှတ်လိုက်တာလဲ"
ခုချိန်ထိရိပေါ်ကိုမသိသေးပုံထောက်ရင် သူတို့အဖွဲ့ကမဟုတ်တာသေချာသွားပြီ တခြားအဖွဲ့ကဆိုလည်းသူ့နောက်ကိုမလိုက်ပါပဲ ဘာလို့ရှောင်ကျန့်နောက်ကိုလိုက်နေရတာလဲ
"ဟိုကောင်လေးကိုသာမန်ကျောင်းသားလေးထင်ထားတာ လတ်စသတ်တော့ အစောင့်အရှောက်တွေဘာတွေနဲ့ပါလား"
ရိပေါ် ထိုလူ့ခန္ဓာကိုယ်ကို လက်ထဲမှသံဒုတ်ဖြင့် လေးငါးချက်လောက်ဆင့်ရိုက်လိုက်သည်။
ထိုလူမှာဇောက်ထိုးဖြစ်နေသည့်အပြင် ရိပေါ်ဘက်ကိုကျောပေးထားရသောကြောင့် အသံပဲကြားရသည် ရိပေါ်ကိုတော့မမြင်နိုင်
ရိပေါ်အသံမှာ အလွန်တည်ငြိမ်နေကာ အမိန့်ပေးသော အငွေ့အသက်များပါနေလေသည်။
YOU ARE READING
Orange