Keeping balance on your bicycle

5.3K 647 13
                                    

(Unicode)

ကျလိ ကျလိ ကျလိ

မနက်စောစောနားငြီးလွန်းလှသောအသံကြောင့်ရိပေါ်နိုးလာခဲ့သည်။ နိုးနိုးချင်းခါတိုင်းနှင့်မတူပဲ ခန္ဓာကိုယ်ပေါ်တွင် ခပ်နွေးနွေးခံစားချက်ကြောင့် ရိပေါ်မျက်လုံးဖွင့်ကြည့်လိုက်သော်..

သူ,မရင်းနီးသောမျက်နာကျက်

ရိပေါ် ချက်ချင်းနိုးနိုးကြားကြားဖြစ်သွားကာ ဝုန်းခနဲထ,ထိုင်လိုက်တော့

"အာ့"

ခေါင်းထဲမှစစ်ခနဲ

အသံကြား၍ ရှောင်ကျန့်အိပ်ချင်မူးတူးဖြင့်ထထိုင်ကာ

"နိုးလာပြီလား"

ဆံပင်တွေလည်းထိုးထိုးထောင်ထောင်နှင့် အိပ်မှုန်စုပ်ဖွားဖြစ်ပြီး သူ့မျက်လုံးသူပွတ်နေသောရှောင်ကျန့်ကိုကြည့်၍

"မင်းကဘာလို့ဒီရောက်နေတာလဲ"

"ဟင်? ဒါငါ့အိမ်လေ"

ရိပေါ်ထိုအခါမှဘေးပတ်ဝန်းကျင်ကိုအကဲခတ်မိတော့သည်။ ရှောင်ကျန့်အခန်းပဲ
သူကရှောင်ကျန့် ခုတင်ပေါ်မှာအိပ်နေပြီး ရှောင်ကျန့်ကကြမ်းပြင်မှာခင်းပြီး အိပ်နေတာ
အဲ့ဒါကြောင့် မနက်ပိုင်း နေရောင်ခြည်နွေးနွေးလေး သူ့ခန္ဓာကိုယ်ပေါ်ကျနေတာ ဘေးမှာငှက်တွေလည်းအော်နေတာ ခါတိုင်းတိတ်ဆိတ်စွာနိုးထလာရသော သူ့မနက်ခင်းတိုင်းနှင့် တခြားစီ

"ခုမှအစောကြီးရှိသေးတယ် ပြန်အိပ်ရအောင်"

မနက်ခင်း ၅:၀၀ နာရီလောက်ပဲရှိသေးသည်လေ
ရှောင်ကျန့်ပြောပြီးပြီးချင်း စောင်ကိုဝုန်းခနဲဆွဲခြုံကာချက်ချင်းပြန်အိပ်ပျော်သွားလေသည်။
မခံမရပ်နိုင်အောင်ကိုက်နေသောခေါင်းကြောင့် ရိပေါ်လည်း ခုတင်ပေါ်အသာလေးပြန်လှဲနေလိုက်သည်။ ပြန်အိပ်မပျော်တော့၍ မျက်နာကျက်ကိုငေးကြည့်နေရာမှ ရိပေါ်ဘေးစောင်းအိပ်လိုက်တော့ ရှောင်ကျန့်အိပ်ပျော်နေသောမျက်နာလေးကိုရှင်းလင်းစွာမြင်နေရလေသည်။
ထိုမျက်နာလေးကိုသေချာကြည့်နေရင်းပင် သူ့မျက်နာတွင်သူ အပြုံးရိပ်သန်းလာတာကိုသတိမထားမိ
သူ့နှုတ်ခမ်းတွေက ဘာလို့အဲ့လောက်ဆွဲဆောင်မှုရှိရတာလဲ
ရိပေါ် ရှောင်ကျန့်နှုတ်ခမ်းတွေငေးနေရင်းက ညမှအဖြစ်အပျက်များ တစစီခေါင်းထဲဝင်လာလေသည်။

Orange Where stories live. Discover now