Weekend with you ~1 (playing basketball)

4.9K 609 20
                                    

(Unicode)

စောစောထနေကျအကျင့်ကြောင့် ရိပေါ် မနက်မလင်းတလင်းအချိန်တွင် အိပ်ယာနိုးလာခဲ့သည်။
နိုးလာချိန်တွင် သူ့ရင်ဘတ်ထဲတွင် အနွေးဓာတ်လေးကရှိနေသေးသည်

သူအိပ်မက်မက်နေတာမဟုတ်ဘူးပဲ

လက်တဖက်ဖြင့် ရှောင်ကျန့် ဆံပင်လေးတွေကို သပ်ကာ နောက်တဖက်ကခါးကိုတင်းတင်းဖက်ပြီး ရင်ဘတ်ချင်းကပ်ထားမိသည်။

Ah.... ဒုက္ခတော့ရောက်ပြီ

ဒီ အနွေးဓာတ်လေးကို သူ့အနားကနေမလွှတ်ချင်တော့ဘူး သူတစ်ယောက်ထဲအပိုင်သိမ်းထားလိုက်ချင်ပြီ သူဒီထက်ပိုပြီးလောဘကြီးလာရင် ဘယ်လိုလုပ်ရမလဲ
ရှောင်ကျန့်ကို ဒီမှာပဲနေဖို့ပြောလိုက်ရမလား
ဒါမှမဟုတ် သူပြန်လို့မရအောင် ကဒ်ကိုဖွက်ထားလိုက်ရင်ရော
ရိပေါ် သူ့ကိုယ်သူပင် အံ့ဩကာခေါင်းခါမိသည် သူ လူတစ်ယောက်ကို ဒီလောက်ထိ တွယ်တာမိမယ်မထင်ထားခဲ့ဘူး

Ha....

သက်ပြင်းချလိုက်ကာ မနက်တိုင်းလုပ်နေကြဖြစ်သော တာဝန်ကိုလုပ်ရန် နွေးနွေးထွေးထွေး အိပ်ယာလေးဆီမှ မထချင်ထချင်နှင့် ထလာပြီး ချမ်းအေးလှသော လမ်းပေါ်ဆီသို့ထွက်လာခဲ့သည်။
ပုံမှန်ဆိုလျှင် တစ်နာရီလောက်ပြေးလေ့ရှိသော်လည်း အိမ်မှာ ရှောင်ကျန့်တစ်ယောက်ထဲဆိုသော အသိကြောင့် နာရီဝက်သာပြေးပြီး အိမ်ဘက်သို့ပြန်လာခဲ့သည်။

မနက်စာရောင်းနေသော ဆိုင်ရှေ့အရောက်တွင် အကြာကြီးရပ်စောင့်ကာ မနက်စာပင်ဝင်ဝယ်ခဲ့သေးသည်။ သူတစ်ယောက်ထဲသာဆိုလျှင် ဒါတွေအလုပ်ရှုပ်တယ်ဆိုပြီးလုပ်တတ်သူမဟုတ်
ဒါပေမဲ့ ရှောင်ကျန့်အတွက်ဆိုတော့ ချက်ချင်းဆိုသလို ဒီအရာတွေအကုန်လုံးက အပိုအလုပ်တွေမဟုတ်တော့သလိုပဲ ပျော်ပျော်ကြီးလုပ်နေမိသည်လေ

သူအိမ်ပြန်ရောက်လာချိန်တွင် ရှောင်ကျန့်မနိုးသေး၍ အိမ်ရှေ့ခန်းတွင်ထိုင်ကာ laptop ဖွင့်ပြီးဘိုးတော်ခိုင်းထားသော ကိစ္စကိုရှာကြည့်နေလိုက်သည်။ သူစဉ်းစားကြည့်တော့ ဘိုးတော်က သူနှင့်ရှောင်ကျန့်အကြောင်းကို သိပြီးတာသေချာသလောက်ရှိနေပေမဲ့ ဘာမှမလုပ်ပဲငြိမ်နေတာကိုပဲ
ဒါပေမဲ့ သူရှည်ရှည်ဝေးဝေးတော့ မစဉ်းစားဖြစ်ပါ သူဖြစ်စေချင်တဲ့အတိုင်း ဘာမှမလုပ်တာကကောင်းတယ်မလား သံသယရှိပြန်ရင်လည်း ဘိုးတော်ကမှဘာမှမလုပ်တာကို ဘယ်ကနေမှအစရှာပြီး စုံစမ်းလို့ရမှာမဟုတ်

Orange Where stories live. Discover now