(Zawyi👇👇👇)
လမ်းလည်ခေါင်ကြီးမှာရန်မဖြစ်ချင်တာမို့ရှောင်နေကာမှလူကိုဖမ်းချုပ်လိုက်သဖြင့်ရှောင်းကျန့်စိတ်တိုစွာမေးမိသည်။
"မင်းကိုရှင်းပြချင်လို့!..."
"နေပါဦး! ခင်ဗျား ကဘာကိုရှင်းပြချင်နေတာလဲ၊ကျွန်တော့်ကိုလေကုန်ခံပြီးရှင်းပြမယ့်အစား ခင်ဗျား ကျွန်တော် ့အစ်မနဲ့ဝေးဝေးနေပေးပါ ၊အဲ့တာဆိုရပြီ.."
ပုခုံးနှစ်ဖက်ဆီမှသူ့လက်တွေကိုခပ်ကြမ်းကြမ်းပုတ်ထုတ်ရင်းရှောင်းကျန့်ကဆိုသည်။
ရိပေါ်ရှင်းပြဖို့ကြိုးစားနေပေမယ့်ဘာကိုဘယ်ကစပြီးရှင်းပြရမလဲမသိ။စိတ်ရူပ်ထွေးစွာသာသူ့ကိုခပ်တင်းတင်းပြန်ကြည့်နေတဲ့မျက်ဝန်းလေးကိုထဲငေးစိုက်ကာအကြည့်စုံစေမိသည်။
"ငါမင်းကို....! "
တစ်ခါမှအနုအရွအလှအပချစ်စကားမဆိုဖူးသူမို့ဆက်ပြောတော့မည့်ရင်တွင်းခံစားချက်စကားတို့သည်ထိုနေရာတွင်ပင်ရပ်တန့်နေလျက်။
'ချစ်တယ် ' ဆိုတဲ့ဝေါဟာရလေးကိုပြောထွက်ဖို့ရိပေါ်မှာသတိ္တမရှိဘူးဆိုရင်ကြားသမျှလူတွေဟားတိုက်လှောင်ကြလိမ့်မည်။
ဘယ်အရာမဆိုလုပ်ရဲကိုင်ရဲခဲ့ပေမယ့်ဒီစကားလေးပြောထွက်ဖို့အရေးမှာတော့ဝမ်ရိပေါ်တို့သတိ္တမဲ့နေလေပြီ။
အကြည့်တွေကိုရွေ့မရပဲထိုသူရဲ့မျက်ဝန်းထဲကအရိပ်အယောင်တွေကိုရှောင်းကျန့်ဖက်နေပေမယ့်ဘာကိုဆိုလိုနေလဲမသိ။
"ခင်ဗျား! မရှင်းပြပါနဲ့တော့ ၊ကျွန်တော်တို့နဲ့ထပ်မပက်သက်ဖို့ပဲတောင်းဆိုချင်တာပါ ၊သွားခွင့်ပြုပါဦး.."
"နေဦး! ...ငါ..ငါမင်းကို... ဘာပြောရမလဲမသိတော့ဘူး "
"ဗျာ!.."
သူထွက်သွားဖို့ဟန်ပြင်ကာမှထွက်ကျလာသည့်စကားကဒါလား။ရှောင်းကျန့်ထိုသူ့ကိုပြန်လှည့်ကြည့်လိုက်သည်။
သူ့ကိုမကြည့်ပဲဘေးဖက်ကိုအကြည့်လွဲကာပြောနေတဲ့သူ့ရဲ့မျက်နှာကိုသေချာကြည့်မိရင်းတွေးမိတာ
YOU ARE READING
Fanfiction"မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲရှိတယ်..." ရှောင်းကျန့် "မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲ...