အနီးကဆိုဖာပေါ်တွင်နဖူးကိုင်ကာရှုံမဲ့နေသူအားထိုင်စေပြီးရှောင်းကျန့်ဆေးသတ္တာအားယူရန်ပြင်သည်။
ထိုအချိန်တွင်လက်ကိုလာဆွဲသောသူကြောင့်ရှောင်းကျန့်လှည့်ကြည့်တော့သနားစဖွယ်အသံကထွက်လာသည်။
"မြန်မြန်လာနော်....၊ကိုယ်အရမ်းနာနေလို့..."
သာမာန်လူသာဆိုထိုသူရဲ့စကားနဲ့အမူအရာအောက်ကျဆုံးသွားနိုင်ပေမယ့်ရွှင်မြူးရိပ်သန်းနေသောမျက်နှာကြောင့်ရှောင်းကျန့်မယုံပါ။
ထို့ကြောင့်လက်ကိုရုန်းလိုက်ပြီးဆေးသေတ္တာကိုသွားယူလိုက်၏။
သေတ္တာထဲကဂွမ်းအနည်းငယ်ယူလိုက်ပြီးအရက်ပြန်အနည်းငယ်စွတ်ကာထိုဒါဏ်ရာပေါ်တင်လိုက်ချိန်တွင်
"အား!...အား...စပ်လိုက်တာ၊ဟိုလေ...လေလေးနဲ့မှုတ်ပေးလို့ရမလားဟင်..."
အသည်းအသန်ပင်ထအော်လေတဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်လုပ်လက်စများရပ်တန့်နေမည်မထင်ပါနှင့်။ပို၍ပင်ဖိချလိုက်ကာဒါဏ်ရာကသွေးတွေပါဆေးကြောပေးလိုက်သည်။
သူပိုနာအောင်လုပ်လိုက်ပေမယ့်အပြုံးမပျက်လေသောမျက်နှာကြောင့်ရှောင်းကျန့်အံ့ဩမိလေသည်။တစ်စိတ်လောက်....ဒီလူမရူးသေးဘူးမလား။
အနီးကပ်မြင်နေရတဲ့မျက်နှာလေးကြောင့်ရိပေါ်ပက်ဝန်းကျင်ကအရာအားလုံးကိုတောင်မေ့လျော့ကာရှောင်းကျန့်ဆိုသောကမ္ဘာလေးထဲရောက်နေမိသည်။
နက်နက်စွေးစွေးဆံနွယ်လေးတွေဝဲဖြာနေတဲ့နဖူးပြေပြေလေးအားသူချစ်သည်။မဲနက်ဖြောင့်တန်းနေသောမျက်ခုံးမွှေးလေးအားသူချစ်သည်။ကော့ညွှတ်နေသောမျက်တောင်စိပ်စိပ်လေးများလဲသူချစ်သည်။
ထိုမျက်တောင်လေးများဝန်းရံနေသည့်မျက်ဝန်းညိုလေးကိုလဲသူချစ်သည်။မွှေးညှင်းနုလေးများရေးရေးထင်နေသောပါးမို့မို့လေးလဲသူချစ်လေသည်။မထင်ရင်မထင်သလိုစွာတက်လွန်းသောနှူတ်ခမ်းပါးနီစွေးစွေးလေးအားကိုက်ဆွဲချင်လောက်အောင်သူချစ်သည်။
ပြောရရင်ထိုလူသားလေးပေါ်သူချစ်သောအရာများသည်ပြောမဆုံးပေါင်တောသုံးထောင်မကရှိချေတော့မည်။
ESTÁS LEYENDO
Fanfic"မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲရှိတယ်..." ရှောင်းကျန့် "မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲ...