အကြည့်တို့တစ်ချက်လေးမလွဲစေပဲရင်ခွင်ထဲပွေ့ပိုက်ထားကာတစ်စိမ့်စိမ့်ချစ်ပြနေသောကိုကို့အားရွမ်းဝူခပ်တွေတွေလေးငေးမောနေမိ၏။
မင်္ဂလာပွဲသို့တက်ရောက်လာကြသည့်လူတိုင်းဩချရလောက်အောင်ကိုကိုသည်ချစ်ပြလို့နေသည်။
သူ့ကြင်နာလေးရဲ့အနားကတစ်ဖဝါးမခွာယုယစွာဂရုစိုက်နေသည်။အမှန်အတိုင်းပြောရရင်ရွမ်းဝူရှောင်းကျန့်အားအလွန်လေးစားမိသည်။
မည်သူ့ဆီကအချစ်မှမလိုချင်ခဲ့တဲ့ကိုကိုလိုခြင်္သေ့တစ်ကောင်ကိုအချစ်ခံချင်သည့်ယုန်ကလေးအသွင်ပြောင်းလဲပေးခဲ့သည်ကို။
နူးညံတက်လာ၏။အရှုံးပေးတက်လာ၏။တောင်းခံတက်လာ၏။ခွင့်လွှတ်ပေးတက်လာ၏။ကိုကိုသည်တကယ့်ကိုအခြားလူအတိုင်းပြောင်းလဲသွားလေပြီ။
ဩော်... အချစ်...အချစ်ဆိုတဲ့အရာကအရမ်းကိုအံဩဖို့ကောင်းပါလားဟုရွမ်းဝူတွေးတောနေမိတော့၏။
🎶🎶🎶🎶🎶🎶
အိတ်ကပ်ထဲမှဖုန်းမြည်သံကြောင့်ရွမ်းဝူအတွေးတို့ရပ်တန့်သွား၏။ဖုန်းအားကိုင်လိုက်တော့အိမ်တော်ထိန်းဦးလေး...။
"အကိုလေး!...ဟိုလူသတိရလာပြီးသောင်းကျန်းနေတယ်!.."
"ဘာ!!ဟုတ်ပြီ...အခုပြန်လာခဲ့မယ်..."
ဖုန်းချပြီးဦးလေးရန်အားအရေးကြီးရှိကြောင်း၊ကိုကိုအားနှုတ်ဆက်သွားကြောင်းမှာခဲ့ပြီးအလျှင်အမြန်အိမ်ပြန်လာခဲ့သည်။
ကားရပ်လိုက်တာနဲ့အိမ်တော်ထိန်းဦးလေးကအပြေးထွက်လာသည်။
"အကိုလေး!!..."
"သူရော!...."
ရွမ်းဝူမေးလဲမေးအပေါ်ထပ်ဆီသို့အပြေးအလွှားတက်ခဲ့သည်။
"အကိုလေး!...သတိထားနော် "
ရွမ်းဝူအခန်းတံခါးအားဆွဲဖွင့်လိုက်တာနဲ့ပွစာကြဲနေတော့ပစ္စည်းအပိုင်းအစအကွဲများနဲ့လူသေကြီးလိုထိုင်နေတဲ့လူကိုပါတွေ့လိုက်ရသည်။
မျက်ရည် စက်လက်၊သွေးစက်လက်နဲ့ငူငူကြီးအသိမကပ်ပဲထိုင်နေသည်။ရွမ်းဝူပစ္စည်းအကွဲများအားမနည်းရှောင်းရှားလိုက်ပြီးထိုလူအနားသွားလိုက်သည်။
YOU ARE READING
Fanfiction"မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲရှိတယ်..." ရှောင်းကျန့် "မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲ...