"အိုး!သားငယ်ရယ်လှေကားပေါ်ကနေအဲ့သလိုဖြစ်သလိုဆင်းလာလို့မရဘူးလေ...ကိုယ့်မှာကမပေါ့မပါးနဲ့ဥစ္စာ...နောက်ကိုသတိထားရမယ်နော်.."
"ဟုတ်မားမား!!..."
ကျိုးလင်းဗိုက်ကလေးကိုကိုင်ရင်းမားကိုရယ်ပြလိုက်သည်။မားကတော့သူ့ခေါင်းလေးကိုပုတ်ကာမီးဖိုခန်းဘက်ထွက်သွားသည်။
သူလဲအိမ်ရှေ့ကဒန်းလေးဆီသွားထိုင်ရင်းဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကိုဘာရယ်မဟုတ်တွေးမိသွားသည်။
မယုံကြည်နိုင်သလိုမိမိကိုယ်ကိုအံဩနေခဲ့ရတာမလား။အဲနေ့ကရွမ်းဝူလဲအပြင်ထွက်သွားရောဝမ်ရိပေါ်ရောက်လာသည်။ဒါဏ်ရာဟောင်းကမကျက်သေးသည်မို့သူဝမ်ရိပေါ်ကိုခပ်ကြမ်းကြမ်းဆက်ဆံပစ်သည်။
သို့သော်သူ့ကိုသူ့နည်းတူမုန်းနေတဲ့သူကအချစ်တရားတွေလာဟောသွားသည်။ကျိုးလင်းဝမ်ရိပေါ်ရဲ့စကားတွေကိုအံဩခြင်းအပြည့်နဲ့ပဲနားထောင်နေခဲ့မိသည်။
သူမေးခဲ့တဲ့မေးခွန်းကရှင်းရှင်းလေးရယ်။ဒါပေမယ့်ကျိုးလင်းကိုခိုနားရာရင်ခွင်ကိုပြသပေးခဲ့နိုင်သည်။
ကိုယ့်ကိုလုံးဝမချစ်နိုင်တဲ့လူတစ်ယောက်ကိုအနာကျင်ခံပြီးချစ်နေမယ့်အစားကိုယ်မှကိုယ်ဖြစ်နေတဲ့လူကိုချစ်ဖို့ကြိုးစားတာပိုမကောင်းဘူးလားတဲ့။
"ရွမ်းဝူကမင်းကိုတကယ်ချစ်ရှာတာ၊မင်းကိုကာကွယ်ရင်ငါသတ်မှာသိသိကြီးနဲ့တောင်မင်းကိုရအောင်ကာကွယ်နေသေးတာ၊ဒီလိုလူရဲ့အချစ်ကိုမင်းမျက်စိစုံမှိတ်ငြင်းပယ်နေတာတရားလို့လား..၊တကယ်တော့အချစ်ကရိုးရိုးလေးပါမင်းပူလောင်နေမယ့်အစားသူချစ်သလိုချစ်ကြည့်ပါ..."
ဝမ်ရိပေါ်ရဲ့အဲ့စကားကိုနားထောင်ပြီးသူရင်ထဲမှာအကြိမ်တရာမကမေးခွန်းတွေမေးနေမိတယ်။အဲ့လူသူ့အပေါ်ချစ်သလိုသူချစ်နိုင်ပါ့မလား။ဝမ်ရိပေါ်ကဆက်ပြီးဘာစကားမှမပြောတော့ပဲသူ့ကိုအိမ်ပြန်ပို့ဖို့စီစဉ်တယ်။
အတွေးထဲထိုအကြောင်းပဲတွေးမိနေတဲ့သူကတော့ရိပေါ်စီစဉ်တဲ့အတိုင်းအိမ်ကိုပဲပြန်လာခဲ့သည်။လောလောဆယ်သူရွမ်းဝူကိုမျက်နှာချင်းမဆိုင်ရဲသေးဘူး။
YOU ARE READING
Fanfiction"မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲရှိတယ်..." ရှောင်းကျန့် "မုန်းတယ်... ကျွန်တော်ခင်ဗျားကိုအရမ်းမုန်းတယ်... ကျွန်တော့်ရဲ့အဘိဓာန်မှာခင်ဗျားအတွက်ပြဌာန်းထားတာအမုန်းတွေပဲ...