အခန်း(42)
1.1K 83 17
အချစ်ဆိုတာ...ဖြူ သလား၊မဲသလားကာလာမကွဲခင်တည်းကကျွန်တော့်ကိုသိမ်းပိုက်ခဲ့တာခင်ဗျားပါ...။
မချစ်ချင်တဲ့လူကိုအချစ်တွေဇွတ်ပေးပြီး...ချစ်တက်လာအောင်လုပ်ခဲ့တာလဲခင်ဗျားပါ...။
ဖြန့်ထားသမျှအမုန်းတွေကိုသိပ်ချစ်လို့ပါဆိုတဲ့စကားလေးနဲ့မြူ မှုန်လို့ဝေဝါးပျောက်ကွယ်စေခဲ့တာလဲခင်ဗျားပဲ...။
မဖြစ်နိုင်တဲ့ဘဝနှစ်ခုကိုအတင်းမျဉ်းညှိပြီးအခြေကျတော့မယ်ဆိုကာမှခင်ဗျားကဗြောင်းဆန်အောင်လုပ်ပြန်တယ်...။
ပြော...ခင်ဗျား ကျွန်တော့် ဆီကလိုချင်တာချစ်ခြင်းလား...မုန်းခြင်းလား။
ကျွန်တော့် နှလုံးသားကိုမုန်းစေချစ်စေလို့ခင်ဗျားမှာစေခိုင်းခွင့်မရှိဘူး...။ကျွန်တော့်ဘက်ကရှင်းပါတယ်...။ခင်ဗျားဆီကအရင်လိုအချစ်တွေမမြင်ရရင်တောင်မှချစ်နေဦးမှာပါ..။
အမုန်းကချက်ချင်းကိုတန်ပြန်သက်ရောက်သေးတာပဲကျွန်တော့်အချစ်ကိုလဲထိုနည်းတူခင်ဗျားဆီရောက်ဦးမှာပါ။
အချစ်ကဘာမျှော်လင့်ချက်မှမပါတဲ့အဖြူ ရောင်သက်သက်လို့ကျွန်တော်မဆိုလိုတော့ပါဘူးကိုကို...အနက်ရောင်မျက်ဝန်းတွေကိုငေးရင်းအချစ်ကလေးတစ်စွန်းတစ်စဖြစ်ဖြစ်မျှော်လင့်ပါရစေ။
ကိုယ်မဟုတ်တဲ့အခြားသူဆီပို့အပ်နေတဲ့နူးညံ့ခြင်းတွေမမြင်ရက်တော့တဲ့အဆုံးလှမ်းဝင်တော့မယ့်ခြေလှမ်းတွေကိုရုတ်သိမ်းပြီးပြေးထွက်ခဲ့ချိန်တုန်လှုပ်နေခဲ့တာဖွင့်လိုက်မိတဲ့အပြာရောင်တံခါးလေးတင်မဟုတ်ပါဘူး။
ရှောင်းကျန့်နှလုံးသားလေးလဲနာကျင်ခြင်းတွေနဲ့ထပ်တူတုန်လှုပ်နေခဲ့ပါတယ်။ပြေးလွှားလာခဲ့တဲ့ဆေးရုံကော်ရစ်တာတစ်လျှောက်တစ်ရစက်ကြွေကျခဲ့တဲ့မျက်ရည်စက်တွေကတန်ဖိုးမဲ့လွန်းနေတာမဟုတ်ပါဘူး။
နာကျင်ခြင်းတွေငွေ့ရည်ဖွဲ့ပြီးစီးဆင်းလာတဲ့မျက်ရည်စက်တွေပါ။ကျွန်တော့်မာနတွေအကုန်လုံးကိုခင်ဗျားအနိုင်ယူသွားခဲ့တာပါဗျာ...။
❇❇❇❇❇❇❇❇❇❇❇❇
"ဦးလေးရန်! ...သူရော...သူမရှိတော့ဘူး.."