4.

15.8K 482 0
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(31)

" ဘော့စ် ..... ဘော့စ် .... အိမ်ပြန်ရအောင် "

ဟု ပြောကာ နှိုးနေသော ဝဏ္ဏ၏အသံကို ကြားနေရသော်လည်း ကမ်း မျက်လုံးများကိုဖွင့်မကြည့်နိုင် ။ ခန္ဓာကိုယ်ကိုကွေး၍ ပြန်အိပ်ရန်ပြင်လိုက်သည် ။ ဝဏ္ဏက ကမ်း၏ခန္ဓာကိုယ်ကလှုပ်ရှားသွားသဖြင့်

" ဘော့စ် .... အိမ်ပြန်ပြီးအနားယူပါ "

ဟု ထပ်ပြောသည် ။ ထိုအခါမှ ကမ်း ပိတ်ထားသောမျက်လုံးများကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်လိုက်သည် ။ ဝဏ္ဏက ကမ်းကို

" အိမ်ပြန်ရအောင် ဘော့စ် .... ဆယ့်နှစ်နာရီမှာ အစည်းအဝေးရှိတယ် "

ဟု ပြောရင်း မနေ့ညက ပြန်မဝတ်ဖြစ်သော ကမ်း၏ဂျာကင်ကို ကြမ်းပြင်ပေါ်မှကောက်ယူသည် ။ ကမ်း ဝဏ္ဏကို

" အင်း "

ဟု ပြောကာ အကြောဆန့်လိုက်သော်လည်း လှဲနေရာမှမထဖြစ်သေး ။ ဝဏ္ဏက ဖြစ်သလိုသာဝတ်ထားသော ကမ်း၏ရှပ်အင်္ကျီအောက်မှ ပေါ်ထွက်နေသော အနီရောင်အရာများကိုကြည့်၍

" သြော် .... ဘော့စ်မနေ့ညက များသွားတယ်ထင်တယ် .... အဲ့ဒါကြောင့် အိပ်ရေးမဝတါ "

ဟု ပြောသည် ။ ဝဏ္ဏ၏စကားကြောင့် ကမ်းမျက်နှာရဲသွားကာ လှဲနေရာမှ ချက်ချင်းပင်ထထိုင်လိုက်သည် ။ 9 ၏လက်ချက်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက အနည်းငယ်နာကျင်နေသော်လည်း ယောက်ျားတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည့်ကိစ္စကို ဝဏ္ဏအား မသိစေလိုသောကြောင့် ခပ်တည်တည်ပင် မတ်တပ်ထရပ်လိုက်သည် ။

(32)

ပိုင် တဒိန်းဒိန်းထိုးကိုက်နေသောခေါင်းကို လက်ဖနောင့်ဖြင့်ဖိရင်း နေရာတွင် ထိုင်နေလိုက်သည် ။ ထိုင်ရင်းနှင့် အိပ်မပျော်သွားစေရန် ဝယ်သာဝယ်ထားပြီး တစ်ခါမှဖွင့်မကြည့်ရသေးသည့် ဆေးပညာဆိုင်ရာ စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်သည် ။ ထိုစဉ် အပြင်ဘက် ဧည့်ကြိုဌာနတွင် အလုပ်လုပ်ရသော သရီး(3) က ပိုင်တို့ထိုင်နေသည့် နားနေခန်းအတွင်းသို့ ဝင်လာကာ

He is my DOLL(19)Waar verhalen tot leven komen. Ontdek het nu