He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(361)
" ကမ်းလက် "
" ဖယ်ပေးဗျာ ... အသက်ရှုကြပ်တယ် "
ဟု ပြောကာ ဖက်ထားသည်ကိုမခံပဲ အတင်းရုန်းနေသည့် 9 ကို ကြည့်ပြီး ကမ်း
" ကိုယ့်ကို ကမ်းလက်လို့မခေါ်ပဲ အမြဲ ဒယ်ဒီလို့ခေါ်မယ်လို့ကတိပေးရင် လွှတ်ပေးမယ် "
ဟူ၍ ဈေးကိုင်လိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9 က ခွိကနဲရယ်ကာ
" စိတ်ကူးယဉ်ပြန်ပြီ ... ခေါ်ချင်းခေါ် ခင်ဗျားကခေါ်ရမှာ "
ဟု ပြောသည် ။ 9 ၏ စကားကြောင့် ကမ်း မျက်မှောင်ကြုံ့လိုက်ပြီး
" ကိုယ်က ... ဘာဖြစ်လို့လဲ "
ဟု မေးလိုက်သည် ။ ကမ်း၏မေးခွန်းကို 9 က ချက်ချင်းပြန်မဖြေ ။ စကားပြောနေသဖြင့် ဖက်ရန်မေ့နေသော ကမ်း၏လက်ထဲမှ အသာရုန်းထွက်ကာ ကမ်း၏ပေါင်ပေါ်တွင် ခွထိုင်သည် ။ ပြီးမှ
" ဘာဖြစ်လို့ဆို ကျွန်တော်က အပေါ်ကလူမို့လို့လေ "
ဟု ရယ်ဟဟဖြင့် အဖြေပြန်ပေးသည် ။
(362)
အဖြေပေးပြီးသောအခါမှ စကားပြောပွင့်လင်းလာကာ ရဲတင်းလာသော 9 ကို ကြည့်၍ ကမ်း ဖွဖွပြုံးလိုက်သည် ။ ထို့နောက်
" ဒါပေမဲ့ ကိုယ်ကချည်းမင်းကိုအမ်းထားရတာလေ ... အဲ့ဒါကြောင့် ကိုယ်က သကြားဒယ်ဒီဖြစ်သင့်တာပေါ့ "
ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9 က
" ဟာ ... မလုပ်ရပါဘူးဆို "
ဟု ပြောသည် ။ ထို့ကြောင့် ကမ်း ပြုံးလိုက်ပြီး
" အဲ့ဒီလိုဆို စောစောကဘာဖြစ်လို့ ဒယ်ဒီလို့ခေါ်သေးလဲ ... ကဲ "
ဟု မေးလိုက်သည် ။ ကမ်း၏မေးခွန်းကို 9 က
" အဲ့ဒါကပြောပြီးပြီးလေ ... စောစောက အမျိုးသမီးကို ခင်ဗျားခွါထုတ်ရခက်နေမှန်းသိလို့ တမင်ခေါ်လိုက်တာပါဆို "