28.

3.9K 300 6
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(271)

ပိုင် ကမ်းလက်နှင့်အတူ ညအတော်များများကို ဖြတ်သန်းပြီးပြီဖြစ်သော်လည်း တစ်ခါမှကမ်းလက်ကို အသေအချာမကြည့်ခဲ့ဖူး ။ ယခုမှ အသေအချာကြည့်မိသည် ။ ဖြူဖွေးကြည်လင်သော အသားအရည်က ပိုင့်လက်ချက်ဖြင့် အနီရောင်အရာများဖြစ်နေသည် ။ ခန္ဓာကိုယ်က ပိုင့်ထက်ထွားကာ ဗလအနည်းငယ်ရှိသော်လည်း ပိုင့်ခန္ဓာကိုယ်အလေးချိန်နှင့် သိပ်မကွာ ။ ဖြူသောအသားအရည်ပေါ်တွင် ပန်းနုရောင်ပြေးနေသော ချယ်ရီပွင့်ချပ်နှစ်ခုက ပိုင့်ကိုကလိကလိဖြစ်အောင် လုပ်နေသဖြင့် ပိုင် မျက်နှာလွှဲလိုက်ကာ

" ခင်ဗျားက တကယ့်လူပဲ "

ဟု ရေရွတ်လိုက်သည် ။ ကမ်းလက်က ပိုင့်စကားကို နားမလည်ဟန်ဖြင့် အူကြောင်ကြောင်ကြည့်ကာ

" ဘာဖြစ်လို့လဲ "

ဟု မေးသည် ။ ထို့ကြောင့် ရယ်လိုက်ပြီး ခေါင်းခါကာ

" ဘာမှမဟုတ်ဘူး ... ခင်ဗျားကလှတယ်လို့ "

ဟု ပြောလိုက်သည် ။ ပိုင်က ဘာမှမဟုတ်ကြောင်းပြောလိုက်သော်လည်း ကမ်းလက်ကမူ ပိုင့်ကိုယုံကြည်ဟန်မတူ ။ စောင်ကိုခေါင်းမြီးခြုံကာ

" ဝေးဝေးနေ "

ဟု ပြောသည် ။ လာစစဉ်ကစထားသော်လည်း ယခုမှထကြောက်နေသော ကမ်းလက်ကို ပိုင် စချင်သေးသော်လည်း ထပ်မစတော့ပဲ ရယ်၍ ကမ်းလက်၏ဘေးတွင် ဝင်လှဲလိုက်သည် ။

(272)

ကမ်းလက်က အချိန်အတော်ကြာသည်အထိ ခေါင်းမြီးခြုံထဲမှ ထွက်မလာသေးသဖြင့် အသက်ရှုကြပ်နေမည်စိုးကာ ထိုစောင်ကို ဆွဲလှန်လိုက်ပြီး

" အခုမှရှက်မနေနဲ့ ... ခင်ဗျားတစ်ကိုယ်လုံးကို ကျွန်တော်မြင်ဖူးတယ် "

ဟု ပြောလိုက်သည် ။ ထိုစကားအဆုံးတွင် ကမ်းလက်၏မျက်နှာတစ်ခုလုံး ရဲသွားသည်ကို တွေ့လိုက်ရသည် ။ မျက်နှာကရဲသွားသော်လည်း ပိုင့်ကိုမော့ကြည့်လာသော မျက်လုံးများက ရွှန်းလက်ကာ တောက်ပနေသောကြောင့် စိတ်မထိန်းနိုင်တော့ပဲ ထိုမျက်လုံးများကို ဖွဖွနမ်းရှိုက်လိုက်သည် ။ ထိုအခါကမ်းလက်က ပိုင့်လည်ပင်းကို ဖက်တွယ်လာပြီး

He is my DOLL(19)Wo Geschichten leben. Entdecke jetzt