He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(371)
အဆုတ်ထဲသို့ရောက်သွားသော ဆေးအရှိန်ကြောင့် ပိုင် ပုံမှန်ထက်ပို၍ တည်ငြိမ်နေသည် ။ ဝဏ္ဏက စာရွက်စာတမ်းများကို ပိုင့်အရှေ့တွင်ချပေးပြီး
" ဒါ ... အစ်ကိုလေးကို ဘော့စ်လွှဲပေးထားတဲ့ ပိုင်ဆိုင်ခွင့်စာရွက်စာတမ်းတွေပါ "
ဟု ပြောသည် ။ ပိုင် ဝဏ္ဏပေးသော စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုရင်း
" ကမ်းလက်ရဲ့ရှေ့နေကရော ဘာပြောလဲ "
ဟု မေးလိုက်သည် ။
" စစ်ဆေးနေဆဲဖြစ်လို့ အခုထိတွေ့ခွင့်မရသေးဘူးပြောတယ် "
ဟူသော အဖြေစကားကိုရသဖြင့် မျက်မှောင်ကြုံ့လိုက်ပြီး
" အမှုသည်က ရှေ့နေမလာမချင်း စကားတစ်လုံးမှမပြောပဲနေခွင့်ရှိတယ်မဟုတ်လား ... အဲ့ဒါကို သူတို့ကဘာတွေစစ်နေတာလဲ "
ဟု မေးလိုက်သည် ။
" အရမ်းစိတ်မပူပါနဲ့ အစ်ကိုလေး ... နှစ်ရက်အတွင်း သက်သေရှာမတွေ့ရင် ဘော့စ်ကိုသူတို့ဆက်ဖမ်းထားလို့မရပါဘူး "
ဟု ဝဏ္ဏက ပြောသဖြင့်
" ဒါဆို သက်သေဖျောက်ဖျက်ကြတာပေါ့ "
ဟူ၍ ပြောကာ မတ်တပ်ထရပ်လိုက်သည် ။
(372)
ကမ်း စစ်ဆေးရေးခန်းထဲတွင် ရောက်နေရသော်လည်း ပြန်လွတ်မည်မှာသေချာသောကြောင့် စိတ်မလှုပ်ရှား ။ 9 ကိုသာ စိတ်ပူနေမိသည် ။ 9 မသိအောင် တိတ်တဆိတ်လိုက်လာရန် စိတ်ကူးထားကာမှ 9 က နိုးလာပြီး ကမ်းကို တွေ့ဖြစ်အောင်တွေ့သွားသေးသည် ။
9 ၏ အံ့သြသွားသောမျက်ဝန်း ၊ ဒယ်ဒီ ဟု လှမ်းခေါ်လိုက်သည့် စိုးရိမ်မှုအပြည့်နှင့်အသံတို့က ကမ်းကို ရတက်မအေးဖြစ်နေစေသည် ။ ထိုစဉ်မှာပင် ကမ်း၏ရှေ့နေက