26.

3.5K 274 2
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(251)

ကမ်း အိပ်ရာမှနိုးလာသောအခါ ညကအိပ်ပျော်သွားသည့်အတိုင်း 9၏ခါးကို ဖက်လျက်ပင်ရှိသည် ။ 9ကမူ ထိုင်လျက်အိပ်ပျော်နေသည် ။ ခါးတွင်ဖက်ထားသောလက်ကို ဖယ်လိုက်လျှင် ကမ်းနိုးသွားမည်ကိုစိုးရိမ်သောကြောင့် 9က သည်အတိုင်းအိပ်နေခြင်းဖြစ်ကြောင်း ရိပ်မိသောကြောင့် အားနာစိတ်နှင့်အတူ ပျော်လည်းပျော်မိသည် ။ ပျော်မိသော်လည်း 9ကို အချိန်အကြာကြီး ဒုက္ခမခံခိုင်းလိုသောကြောင့် လှဲနေရာမှထလိုက်ပြီး 9၏ခန္ဓာကိုယ်ကို အိပ်ရာပေါ်သို့ အသာအယာလှဲလိုက်သည် ။ ပြီးမှ 9ဘေးတွင်ပြန်လှဲကာ 9၏မျက်နှာကို ငေးကြည့်နေမိသည် ။ ထိုသို့ငေးကြည့်နေရင်းနှင့်မှ ညက 9 မိမိ၏နဖူးကို နမ်းလိုက်သည့်အကြောင်း သတိရသွားကာ နဖူးကို လက်နှင့်စမ်းကြည့်ပြီး ပြုံးလိုက်မိသည် ။ ခါတိုင်းလည်း 9နမ်းသည်ကို ခံခဲ့ရဖူးသော်လည်း မနေ့ညကကဲ့သို့ 9က စိတ်လိုလက်ရလာနမ်းခြင်းမဟုတ် ။ အနမ်းခံရရန် မြှူဆွယ်ရသေးသည် ။ ကမ်းက မထိတထိသွားလုပ်သောကြောင့်သာ နမ်းခြင်းဖြစ်သည် ။ မနေ့ကမူ သည်အတိုင်းအိပ်နေသည့်ကမ်းကို နမ်းလာခြင်းဖြစ်သောကြောင့် ကမ်းအပေါ် 9၏သဘောထားက အနည်းငယ်ပျော့ပျောင်းလာပြီဟု ဆိုနိုင်သည် ။ ထို့ကြောင့် ကမ်း ပြုံးလိုက်ပြီး

" မင်းငါ့ကိုချစ်လာဖို့ ဘယ်နည်းလမ်းမဆိုငါသုံးမှာပဲ 9 "

(252)

ကမ်း 9ကိုအိမ်တွင်ထားခဲ့ပြီး ထိုင်းနယ်စပ်ဘက်သို့ ပစ္စည်းဝယ်ရန် ဝဏ္ဏနှင့်အတူ လူအချို့ကိုခေါ်၍ ဆင်းလာခဲ့လိုက်သည် ။ ခါတိုင်းအရောင်းအဝယ်လုပ်လျှင် ရောင်းမည့်သူက ကမ်းထံဆက်သွယ်၍ ဂိုထောင်သို့ကိုယ်တိုင်လာကာ ဝဏ္ဏနှင့် အရောင်းအဝယ်ဆက်လုပ်သည် ။ ယခုရောင်းမည့်သူမှာမူ ခါတိုင်းအရောင်းသမားများကဲ့သို့ ပမာဏနည်းနည်းသာရောင်းသည့်လူမဟုတ် ။ နာမည်ကြီး အရောင်းသမားဖြစ်ပြီး ထိုလူ့ထံမှ ဝယ်လိုသူများသည် ။ ထို့အပြင် ထိုလူက ကမ်းနှင့် လူကိုယ်တိုင်တွေ့ရမှသာ ရောင်းမည်ဟုဆိုလာသောကြောင့် ကမ်း ဆင်းလာခဲ့ခြင်းဖြစ်သည် ။

He is my DOLL(19)Where stories live. Discover now