25.

4.5K 276 4
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(241)

ကမ်းကိုကလိနေရင်းနှင့် 9က ရုတ်တရက်ငြိမ်သက်သွားသဖြင့် ကမ်း 9ကိုငုံ့ကြည့်လိုက်သည် ။ 9က ကမ်း၏ရင်ခွင်ထဲသို့ မျက်နှာအပ်ကာ အမူးလွန်၍ အိပ်ပျော်သွားပြီဖြစ်သည် ။ ထို့ကြောင့် 9ကို အသာဆွဲထူ၍ ဘေးသို့ချလိုက်သည် ။ ပြီးမှ 9ချွတ်ထားသောအင်္ကျီကြယ်သီးများကိုပြန်တပ်ကာ အင်္ကျီကိုပြန်ဝတ်လိုက်သည် ။ ထို့နောက် လှဲနေရာမှထကာ အိပ်ပျော်နေသော 9ကိုအသာပွေ့ချီ၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။ အောက်ထပ်သို့ဆင်းလာစဉ်က အိမ်ပြန်ရန်စိတ်ကူးထားသော်လည်း 9အိပ်ရေးပျက်မည်စိုးသောကြောင့် မပြန်တော့ပဲ မန်နေဂျာအားပြော၍ သင်္ဘောပေါ်တွင် အခန်းတစ်ခန်းငှါးကာ ထိုအခန်းတွင် တစ်ညအိပ်ရန်စိတ်ကူးလိုက်ပြီး ငှါးထားသောအခန်းထဲ ဝင်လာခဲ့လိုက်သည် ။ အခန်းထဲရောက်သည်နှင့် 9ကို အိပ်ရာပေါ်တွင်သိပ်ကာ ရေမိုးချိုးကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

(242)

ကမ်း ရေချိုးခန်းထဲမှပြန်ထွက်လာသောအခါ 9က အိပ်ရာပေါ်တွင်ငုတ်တုတ်ထိုင်၍ ငုတ်တုတ်အိပ်နေသည် ။ ထို့ကြောင့် ကမ်း မျက်လုံးပြူးသွားပြီး

" 9 ... ငုတ်တုတ်ကြီးဘာလုပ်နေတာလဲ ... သက်တောင့်သက်သာအိပ်စမ်းပါ "

ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9က

" ပူတယ် "

ဟု ဗလုံးဗထွေးပြောသည် ။ ပြောပြီးသည်နှင့် ဝတ်ထားသောအင်္ကျီများကို ဆွဲချွတ်နေသဖြင့် ကမ်း

" 9 ... ဘာဖြစ်နေတာလဲ "

ဟု ပြောကာ ကုတင်ပေါ်တက်ပြီး 9၏လက်ကိုဆွဲလိုက်သည် ။ ကမ်းက 9၏လက်ကိုရုန်းကာ

" ပူလို့ပါဆို "

ဟု ပြောသည် ။ ထို့ကြောင့် ကမ်း ထပ်မဆွဲတော့ပဲ 9ကိုကူ၍ အင်္ကျီချွတ်ပေးလိုက်သည် ။ အင်္ကျီချွတ်ပြီးသော်လည်း 9က မပြီးသေး ။ ဘောင်းဘီကိုပါချွတ်ရန်ပြင်နေသည် ။ 9က မူးပြီး ဘောင်းဘီချွတ်နေခြင်းဖြစ်သော်လည်း ထိုပုံက ကမ်း၏ထိန်းထားသောစိတ်ကို ဆွနေသလိုဖြစ်နေသောကြောင့် ဘောင်းဘီချွတ်ရန်ပြင်နေသည့် 9၏လက်ကိုချုပ်ထားလိုက်ကာ

He is my DOLL(19)Donde viven las historias. Descúbrelo ahora