He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(21)
ကမ်း 9 ကို သီးသန့်ခန်းထဲသို့သာ ခေါ်လာခဲ့လိုက်သည် ။ သီးသန့်ခန်းထဲသို့ရောက်သည်နှင့် 9 က အခန်းတံခါးကိုလော့ချလိုက်သည် ။ ထို့နောက် ကမ်းကို ခပ်ရေးရေးပြုံးပြကာ ကမ်း၏ခန္ဓာကိုယ်ကို တံခါးနှင့်ဆွဲကပ်ပစ်လိုက်သည် ။
ခန္ဓာကိုယ်အရွယ်အစားက ကမ်းထက်သိသိသာသာညှက်နေသောကြောင့် အားနည်းမည်ဟုထင်ထားမိသောလူက ကမ်းကိုမလှုပ်နိုင်အောင် တံခါးနှင့်ဖိကပ်ထားသဖြင့် ထူးဆန်းစွာ လန့်သွားမိသည် ။ 9 က ကမ်းကိုဂရုစိုက်ဟန်မပြပဲ မျက်နှာအနီးသို့တိုးကပ်လာကာ ကမ်း၏နှုတ်ခမ်းများကို မက်မောစွာနမ်းရှိုက်သည် ။
အကြိမ်ပေါင်းများစွာ မိန်းကလေးပေါင်းများစွာတို့၏နှုတ်ခမ်းကို နမ်းရှိုက်ဖူးသော်လည်း ယခင်ကခံစားရသောခံစားချက်သည် ယခုခံစားချက်နှင့်မတူ ။ 9 က ကမ်းပြန်မတုံ့ပြန်သောကြောင့်ထင်သည် ။ ကမ်း၏ အောက်နှုတ်ခမ်းကို ဖိကိုက်သည် ။ အသားနာသွားသောအခါမှ ကမ်းလဲသတိဝင်လာကာ 9 ကို ပြန်လည်တုံ့ပြန်၍ နမ်းရှိုက်လိုက်သည် ။
ငါးမိနစ်နီးပါး တစ်ဦးနှင့်တစ်ဦး မက်မောစွာနမ်းရှိုက်ကြပြီးနောက် 9 က နှုတ်ခမ်းချင်းခွါလိုက်သည် ။ ကမ်း 9 ကိုစကားပြောရန် ပါးစပ်ပြင်လိုက်သောအခါမှ ကမ်း၏ပါးစပ်ထဲတွင် ပူရှိန်းသကြားလုံးတစ်ခုရောက်နေသည်ကို သတိထားမိသည် ။
(22)
9 က ခတ္တနားပြီးနောက် ဒုတိယအကြိမ်အဖြစ် ကမ်း၏နှုတ်ခမ်းကို နမ်းပြန်သည် ။ ယခုတစ်ကြိမ်တွင်မူ ပထမအကြိမ်ကကဲ့သို့ လက်များက ခါးကိုသာဖက်ထားခြင်းမဟုတ်တော့ ။ ရှပ်အင်္ကျီအောက်သို့ အသာလျှိုဝင်ကာ ကမ်း၏ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ပွတ်သပ်နေသည် ။ ထိုသို့ပွတ်သပ်နေသည့် 9 ၏လက်တွင် မမြင်နိုင်သည့် မှော်ပညာတစ်ခုစီးဝင်နေသည်ဟု ကမ်းထင်မှတ်မိသည် ။