He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(221)
ပုံမှန်မဟုတ်သော အနွေးဓာတ်တစ်ခုကို ခံစားနေရသဖြင့် ကမ်း အိပ်ပျော်နေရာမှ နိုးလာသည် ။ ထိုအခါမှ 9က ကမ်းကိုဖက်ထားကြောင်း သိလိုက်ရသည် ။ အတူအိပ်သည့်အချိန်တိုင်း ကမ်းကသာ 9ကိုဖက်ခဲ့ရသဖြင့် ယခု 9က ဖက်ထားသောအခါ ထူးဆန်းနေမိသည် ။
" 9 ... မင်းအခုလိုပြောင်းလဲလာတာ မင်းအပေါ်မှာရှိတဲ့ငါ့စိတ်ကိုသိလာလို့လား .... ဒါမှမဟုတ် ငါ့အနားကထွက်သွားတော့မှာမို့လို့ မသွားခင်ကောင်းပေးနေတာလား "
ဟု တွေးမိသော်လည်း ကမ်း ပြောင်းလဲလာသော 9၏အပြုအမူများကိုကြည့်၍ အနားမှ 9ထွက်သွားမည်ကို စိုးရိမ်မိသည် ။ တစ်ချိန်တည်းမှာပင် 9ကပြောင်းလဲလာသောကြောင့် ဝမ်းသာမိသည် ။ ဝမ်းသာစိတ်နှင့် စိုးရိမ်စိတ် ဒွန်တွဲနေသော်လည်း 9ထွက်မသွားဟု အခိုင်အမာ ယုံကြည်ထားသည် ။ ထို့ကြောင့် စိုးရိမ်စိတ်ကိုဖျောက်ကာ ဝမ်းသာစိတ်နှင့်ပင် 9၏အနားတွင် နေဖြစ်ခဲ့သည် ။
" ငါ့အနားကထွက်မသွားရင်ကောင်းမှာပါပဲ 9 "
ကမ်း ကိုယ့်အတွေးနှင့်ကိုယ် 9၏မျက်နှာကို ငေးကြည့်နေစဉ် 9က လူးလွန့်လှုပ်ရှားလာသည် ။ မျက်လုံးဖွင့်ကြည့်သော်လည်း ကမ်းနိုးနေသည်ကို သတိထားမိဟန်မတူ ။ ပြန်အိပ်ရန်ပြင်သည် ။ ပြီးမှ ဒုတိယအကြိမ်အဖြစ် မျက်စိပြန်ဖွင့်ကြည့်ကာ
" နိုးသွားတာလား "
ဟု အိပ်မှုံစုံမွှားဖြင့်မေးသည် ။ 9၏မေးခွန်းကို ကမ်း
" မဟုတ်ဘူး နိုးနေတာ ... ဘာမှမဖြစ်ဘူး ... အိပ် ... အိပ် "
ဟု ပြန်ဖြေရင်း 9၏ခေါင်းကို ဖွဖွပုတ်ပေးလိုက်သည် ။ ထိုအခါ 9က
" အင်း "
ဟု ပြန်ဖြေပြီး ပြန်အိပ်ရန်ပြင်သည် ။
(222)
ကမ်း အိပ်ရာမှနိုးနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်အောက်ပိုင်းက မလှုပ်နိုင်လောက်အောင် နာနေသောကြောင့် မထနိုင်သေး ။ ညကအတိုင်းပင် နေရာမရွှေ့ပဲ ဆက်လှဲနေလိုက်သည် ။ ခတ္တကြာသောအခါ 9က လူးလွန့်၍နိုးလာသည် ။ ကမ်းကို အိပ်ပျော်နေဆဲဖြစ်သည်ဟု တွေးမိသောကြောင့်ထင်သည် ။ ခါးတစ်ဝက်အထိသာခြုံထားသောစောင်ကို ပုခုံးအထိရောက်အောင်ဆွဲခြုံပေးကာ ကုတင်ပေါ်မှဆင်းရန်ဟန်ပြင်သည် ။ ထို့ကြောင့် ကမ်း