32.

3.7K 251 0
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(311)

ကမ်းလက်က စောစောထကာ အလုပ်သို့ထွက်သွားသဖြင့် ပိုင်တစ်ယောက်တည်း အခန်းအောင်းကာ အင်တာနက်မှတစ်ဆင့် ခွဲစိတ်သည့်ဗီဒီယိုများကိုကြည့်နေစဉ် ဝဏ္ဏက

" 9 ... ဒါတွေ ဘော့စ်ပို့ခိုင်းလိုက်တာ "

ဟု ပြောကာ အခန်းဝတွင်ပေါ်လာသဖြင့် ထိုင်နေရာမှထ၍ ဝဏ္ဏသယ်လာသည့် ဖိုင်တွဲများကို ကူသယ်ပေးလိုက်သည် ။ ပြီးမှ

" ဒါဘာဖိုင်တွေလဲ ကိုဝဏ္ဏ "

ဟု မေးလိုက်သည် ။ ပိုင့်စကားအဆုံးတွင် ဝဏ္ဏက

" ဆေးရုံအသစ်မှာ ဝန်ထမ်းခန့်ဖို့ဟာ ဘော့စ် 9 ကို ပြောထားတယ်မဟုတ်လား .... အဲ့ဒါ ဘော့စ် လျာထားတဲ့လူတွေ ... 9 ရွေးပြီးမှ သူတို့ကိုအင်တာဗျူးပြီး အလုပ်ခန့်မယ်တဲ့ "

ဟု ပြောသည် ။ ထိုအခါမှ ကမ်းလက် ပိုင့်ကိုဝန်ထမ်းခန့်ရန်အတွက် တာဝန်ယူရန်ပြောထားသည်ကို သတိရသွားသည် ။ ထို့ကြောင့် ဝဏ္ဏကို ရယ်ပြလိုက်ပြီး

" ဟုတ်သားပဲ ... ကျွန်တော်မေ့နေတာ "

ဟု ပြောလိုက်သည် ။

(312)

အရောင်းအဝယ်ကိစ္စများရှိနေသည့်အပြင် အခြားအပိုကိစ္စအချို့ပါ ရှိနေသောကြောင့် ကမ်း ယနေ့အိမ်ပြန်နောက်ကျသည် ။ ညဆယ့်တစ်နာရီခွဲနေပြီဖြစ်သောကြောင့် 9 အခန်းသို့မသွားတော့ဟု စိတ်ကူးမိသော်လည်း မျက်နှာကိုမြင်ချင်သည့်စိတ်က ကြီးစိုးနေသဖြင့် အပေါ်ထပ်သို့တန်းမတက်သေးပဲ 9 အခန်းဘက်သို့ လျှောက်လာခဲ့လိုက်သည် ။

ခါတိုင်း ကိုးနာရီခွဲ ဆယ်နာရီဆိုလျှင် ပိတ်သွားပြီဖြစ်သော အခန်းမီးက ယနေ့တွင်မူ မပိတ်သေးသဖြင့် အံ့သြသွားရသည် ။

" ဂိမ်းများဆော့နေတာလားမသိဘူး "

ဟု တွေး၍ အနည်းငယ်ဟနေသောတံခါးကို အသာတွန်းကြည့်လိုက်သောအခါမှ စာကြည့်စားပွဲတွင်ထိုင်ကာ ဖိုင်တွဲများနှင့် အလုပ်ရှုပ်နေသော 9 ကို တွေ့ရသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

He is my DOLL(19)Onde histórias criam vida. Descubra agora