He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(61)
ပိုင်တစ်ယောက် ယနေ့ည ဘားသို့လဲမသွားရ ။ ချိတ်ထားသည့်ဧည့်သည်လဲမရှိသဖြင့် သွားနေကျဘားတစ်ခုထံထွက်လာကာ အရက်သောက်နေလိုက်သည် ။ အခြားသူများက သောက်လိုက်စားလိုက်နှင့် ကခုန်နေကြသော်လည်း ပိုင်ကမူထိုသို့မဟုတ် ။ ထောင့်အကျဆုံးစားပွဲတွင်ထိုင်ကာ မှာထားသောအရက်ကို ဇိမ်နှင့်သောက်ခြင်းဖြစ်သည် ။ ထိုသို့ တစ်ယောက်ထဲစည်းစမ်ခံနေစဉ်
" ထိုင်မယ်နော် "
ဟူသော ခွင့်တောင်းစကားနှင့်အတူ လူတစ်ယောက်က မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်သည် ။ အရေးမကြီးသောကိစ္စဖြစ်သောကြောင့် ပိုင် ထိုလူ့ကိုခေါင်းညိတ်ပြလိုက်ပြီး နားရွက်ထဲသို့ နားကြပ်ထိုးထည့်လိုက်ကာ ကိုယ့်အရှိန်နှင့်ကိုယ် နေနေလိုက်သည် ။ စိတ်ထဲမှလဲ
" ဒီနေ့လောက်သာယာတဲ့နေ့ ဘဝမှာမရှိတော့ဘူး "
ဟု ရေရွတ်လိုက်သည် ။
(62)
မျက်စိစုံမှိတ်ကာ အရက်သောက်ရင်း သီချင်းနားထောင်နေသော မင်းမူပိုင် ခေါ် 9 ကို ကြည့်ကာ ကမ်း စိတ်လိုလက်ရပြုံးလိုက်မိသည် ။ CV Form ထဲမှ ဓာတ်ပုံနှင့် ကွဲပြားခြားနားစွာပင် 9 က နုပျိုသည် ။ မျက်နှာကလဲ ကြည်လင်နေသည် ။ ဆံပင်ကမူ ဓာတ်ပုံထဲကလို အညိုရောင်ဆံပင်တို့နှင့်မဟုတ်ပဲ အစိမ်းရောင်ကို ဟိုနားနည်းနည်း သည်နားနည်းနည်း ဆိုးထားသည် ။ နှုတ်ခမ်းက ဓာတ်ပုံထဲကအတိုင်းပင်ဖြစ်သောကြောင့် ကမ်း စိတ်ထဲမှ 9၏အသက်အရွယ်ကို ခန့်မှန်းနေမိသည် ။
" နှစ်ဆယ့်သုံးလား .... ဒါမှမဟုတ် နှစ်ဆယ့်ငါးလား "
" ဘာပဲဖြစ်ဖြစ် ငါ့ထက်တော့ငယ်မှာပဲ "
တစ်ယောက်ထဲ အတွေးပေါင်းစုံတွေးကာ ယောက်ယက်ခတ်နေစဉ် မှိတ်ထားသော 9၏မျက်လုံးများက ဖြတ်ကနဲပွင့်လာသဖြင့် ကမ်း လန့်သွားသည် ။
