2.

26.7K 764 4
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(11)

" ဘော့စ် .... နောက်ထပ်ဝင်လာတဲ့ပစ္စည်းတွေကို ဂိုထောင်မှာပဲထားမလား .... ဘယ်လိုလုပ်ရမလဲ "

ဟု မေးလာသော ဝဏ္ဏ၏စကားအဆုံးတွင် ကမ်း ကွန်ပြူတာမှ မျက်နှာခွါလိုက်သည် ။ ထို့နောက်

" ဘာပြောတာလဲ "

ဟု ပြန်မေးလိုက်သည် ။ ပြန်မေးလာသော ကမ်း၏မေးခွန်းကို ဝဏ္ဏက

" ပစ္စည်းတွေ ဘော့စ် .... အခုမှဆိပ်ကမ်းကပ်တာတွေကို ဂိုထောင်ထဲပဲသိမ်းထားလိုက်ရမလား "

ဟု ပြန်ပြောသည် ။ ထိုအခါမှ ကမ်း ခေါင်းခါလိုက်ပြီး

" ခြံထဲကိုသယ်လာလိုက် .... တန်းစစ်ရအောင် "

ဟု အဖြေပေးလိုက်သည် ။ ကမ်းထံမှ အဖြေစကားရသည်နှင့် ဝဏ္ဏက

" ကောင်းပါပြီ ဘော့စ် "

ဟု ပြောကာ အခန်းထဲမှထွက်သွားသည် ။ ဝဏ္ဏထွက်သွားသောအခါမှ ကမ်း ကွန်ပြူတာကို ပြန်ကြည့်လိုက်သည် ။

(12)

တိတ်ဆိတ်နေသော ညသန်းခေါင်အချိန်တွင် လူအများအား ထိတ်လန့်စေမည့် သေနတ်ပစ်သံတဒိုင်းဒိုင်းက ကျယ်လောင်စွာထွက်ပေါ်လာသည် ။ သေနတ်သံများက အဆက်မပြတ်ထွက်ပေါ်လာနေသော်လည်း မည်သည့်အိမ်ကမှ မီးလင်းမလာသလို ထွက်၍စူးစမ်းသောသူလဲမရှိ ။ ပကတိအတိုင်းပင် တိတ်ဆိတ်နေဆဲဖြစ်သည် ။

သေနတ်ပစ်နေသောသူများထဲတွင် ကမ်းလဲပါသည် ။ ကမ်းတို့အဖွဲ့က ဆိပ်ကမ်းမှပစ္စည်းများကို အိမ်ရှိဂိုထောင်ဆီသို့ သယ်နေစဉ် ပြိုင်ဘက်အဖွဲ့ဟု ထင်ရသောအဖွဲ့က မစားရသည့်အမဲကို သဲနှင့်ပက်ကာ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည် ။

ပစ္စည်းသယ်သည်မှာ ယနေ့နှင့်ဆိုလျှင် နှစ်ရက်ရှိပြီဖြစ်သော်လည်း စသယ်သည့်နေ့ကတည်းက ကမ်း စိတ်လေးနေသောကြောင့် ပစ္စည်းသယ်သည့်အဖွဲ့နှင့်အတူ လိုက်လာခဲ့ခြင်းဖြစ်သည် ။ ပထမတစ်ရက်က အေးအေးဆေးဆေးပင် သယ်၍ပြီးသော်လည်း ဒုတိယတစ်ရက်တွင်မူ ခြုံခိုတိုက်ခိုက်ခံရသည် ။ သေနတ်ကိုင်တတ်သူ အနည်းငယ်သာပါသော ကမ်းတို့အဖွဲ့သည် တစ်ဖက်၏တိုက်ခိုက်ခြင်းကို အသဲအသန်ပြန်ခုခံရသည် ။ ကံကောင်းထောက်မစွာနှင့် ကမ်းကိုယ်တိုင်ပါလာသောကြောင့် ထင်ထားသည်ထက်ပို၍ အဆုံးအရှုံးနည်းသွားခြင်းဖြစ်သည် ။

He is my DOLL(19)Donde viven las historias. Descúbrelo ahora