9.

8.1K 471 2
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(81)

မန်နေဂျာက စားပွဲပေါ်သို့ ဘုတ်ကနဲပြုတ်ကျလာသော ID Card ကို လှမ်းယူကာ ပိုင့်ကို တအံ့တသြမော့ကြည့်သည် ။ ပိုင့်မျက်နှာပေါ်တွင် မျက်နှာဖုံးကိုမတွေ့သောကြောင့်ထင်သည် ။

" မင်းမျက်နှာဖုံးက ဘယ်ရောက်သွားတာလဲ "

ဟု အထိတ်တလန့်ဖြင့်မေးသည် ။ မန်နေဂျာ၏မေးခွန်းကို ပိုင် ပြန်မဖြေပဲ

" ဒီနေ့ညအတွက်ရှင်းပေး .... ပြီးတော့ ကျွန်တော်ဒီနေ့ကစပြီး အလုပ်ထွက်တယ် "

ဟု ပြောလိုက်သည် ။ ပိုင်က အလုပ်ထွက်ကြောင်းပြောလိုက်သောကြောင့် မန်နေဂျာက မတ်တပ်ထရပ်ကာ

" ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ "

ဟု မေးသည် ။ ပိုင်

" ဘာမှမဖြစ်ဘူး .... မလုပ်ချင်တော့လို့မလုပ်တာ .... ခင်ဗျားနဲ့ဆိုင်တာမရှိဘူး "

ဟု ပြန်ဖြေရင်း ပိုက်ဆံတောင်းသည့်သဘောဖြင့် လက်ဝါးဖြန့်လိုက်သည် ။ မန်နေဂျာက ပိုင်ရသင့်သည့်ဝေစုကို လက်ထဲထည့်ပေးရင်း

" အလုပ်ထွက်မဲ့ကိစ္စကို ပြန်စဉ်းစားပါအုံး .... သူဌေးက မင်းကိုတအားသဘောကျတာကို "

ဟု ပြောသည် ။ မန်နေဂျာ၏စကားအဆုံးတွင် ပိုင် ရယ်လိုက်ကာ

" ဂရုမစိုက်ဘူး "

ဟု ပြောပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည် ။

(82)

ဝဏ္ဏက ကမ်းပြောပြသည်ကို အစအဆုံးနားထောင်ပြီး

" ဘော့စ်ကလဲ .... အဲ့ဒီလိုသွားလုပ်မှတော့ 9ကစိတ်ဆိုးပြီပေါ့ "

ဟု မှတ်ချက်ချသည် ။ ထို့ကြောင့် ကမ်း မျက်မှောင်ကြုံ့လိုက်ပြီး

" ငါကဘာလုပ်လို့လဲ .... ငါပေးတာကို သူငြင်းလို့ စိတ်ဆိုးပြီးတမင်လုပ်လိုက်တာ "

He is my DOLL(19)Donde viven las historias. Descúbrelo ahora