11.

6.6K 501 3
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(101)

" ဘော့စ် .... မေ့ဆေးတို့ အိပ်ဆေးတို့က အကြာကြီးပေးထားရင် ကျန်းမာရေးအတွက်မကောင်းလို့ စိတ်ငြိမ်ဆေးပဲပေးထားခဲ့တယ် "

ဟု ပြောလာသော ဒေါက်တာမင်းခန့်ကို ကမ်း ခေါင်းညိတ်ပြလိုက်ပြီး

" ကျေးဇူးပါပဲ "

ဟူ၍ ပြောလိုက်သည် ။ ဆက်၍

" ဒါဆို 9က ဘယ်အချိန်လောက်သတိရမလဲ "

ဟု မေးလိုက်သည် ။ ကမ်း၏မေးခွန်းကို ဒေါက်တာမင်းခန့်က

" မနက်ဖြန်ညနေလောက်အထိတော့ ဒီအတိုင်းအိပ်နေလိမ့်မယ် .... ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်ကမတူတော့ အသေအချာကြီးပြောလို့မရဘူး "

ဟု ပြန်ဖြေသည် ။ ထို့ကြောင့် ကမ်း ခေါင်းညိတ်လိုက်ပြီး

" ပင်ပန်းသွားပြီ .... အနားယူလိုက်ပါအုံး "

ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် ဒေါက်တာမင်းခန့်က ပြုံး၍ ခေါင်းညိတ်ကာ

" ဒါဆို ကျွန်တော်ပြန်လိုက်အုံးမယ် ဘော့စ် .... ဘော့စ်လဲအနားယူပါအုံး "

ဟု ပြောသဖြင့် ကမ်း ဒေါက်တာမင်းခန့်ကို ပြုံးပြလိုက်သည် ။ ဒေါက်တာမင်းခန့်က ကမ်းအရှေ့မှထွက်သွားရန် ဟန်ပြင်ပြီးသောအခါမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

" ဒါနဲ့ ဘော့စ် .... သူ့လက်ကောက်ဝတ်ကဒဏ်ရါက ထင်ထားတာထက်နက်လို့ ကျွန်တော်ချုပ်ထားပေးတယ် ... မနက်တစ်ကြိမ် ညတစ်ကြိမ် ပတ်တီးအသစ်လဲပေးပါ "

ဟု ပြောသည် ။ ဒေါက်တာမင်းခန့်ကို

" သြော် ... ဟုတ်ပြီ ... လုပ်ပေးလိုက်မယ် "

ဟု ပြောကာ 9၏အခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

(102)

ကမ်း ယခုအချိန်အထိ 9ကိုသဘောကျသည်လား 9၏အပြုအစုများကို သဘောကျသည်လား ဝေခွဲ၍မရသေးသော်လည်း 9ကို မျက်စိအောက်မှ အပျောက်မခံနိုင် ။ ပိုးမွေးသလို နုနုယွယွထားလိုသည် ။ 9သာဆန္ဒရှိလျှင် 9ကို အိမ်တွင်သာခေါ်ထားပြီး မည်သည့်အလုပ်မှမလုပ်ခိုင်းပဲ ထားမည်ဖြစ်သည် ။

He is my DOLL(19)Where stories live. Discover now