30.

3.6K 236 1
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(291)

အိမ်ပြန်ရောက်သည်နှင့် ကမ်းလက်ကို အပေါ်ထပ်ရှိ ကမ်းလက်၏အခန်းဆီသို့ ခေါ်လာခဲ့လိုက်သည် ။ ကမ်းလက်ကို ကုတင်ပေါ်တွင်ထိုင်စေပြီး ကမ်းလက်ဝတ်ထားသောဘောင်းဘီကို ဆွဲချွတ်ပစ်လိုက်သည် ။ ကမ်းလက်က ဘာမပြောညာမပြောနှင့် ဘောင်းဘီဆွဲချွတ်ပစ်သောပိုင့်ကို အထိတ်တလန့်ဖြင့်ကြည့်ကာ

" 9 "

ဟု ခေါ်သည် ။ ကမ်းလက်၏အတွေးကို ပိုင်သိနေသောကြောင့်

" ဇွတ်တွေမှောင်မနေနဲ့ ... မနေ့ကဆေးမထည့်ပေးရသေးလို့ထည့်ပေးမလို့ "

ဟု ပြောရင်း

" လှဲလိုက် "

ဟူ၍ ပြောလိုက်သည် ။ ထိုအခါမှ ကမ်းလက်က ပိုင့်စကားကိုနာခံ၍ အိပ်ရာပေါ်တွင်လှဲသည် ။ ကမ်းလက်လှဲပေးသောအခါမှ ပိုင်လည်း ဆေးသေတ္တာကိုဖွင့်ကာ အရက်ပြန်နှင့်ဂွမ်းကိုယူ၍ ပွန်းသွားသော ကမ်းလက်၏ အပေါက်ဝကို သန့်စင်ပေးလိုက်သည် ။

" အား ... စပ်တယ် 9 "

ဟု ပြောကာ ပိုင့်ဘောင်းဘီအနားစကို ဆုပ်ကိုင်လာသောကမ်းလက်ကို စွေကြည့်လိုက်ပြီး

" ဒီလိုပုံစံနဲ့ ဘယ်လိုများလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်လာလဲမသိဘူး "

ဟူ၍ မကြားတကြားပြောလိုက်သည် ။ ကမ်းလက်က ပိုင့်ကို တမင်ချွဲနေမှန်းသိသော်လည်း မနူးညံ့တတ်သောပိုင့်ထုံးစံအတိုင်း နောက်ထပ်စကားမဆိုပဲ သန့်စင်ထားသောနေရာကို ဆေးထည့်ပေးလိုက်သည် ။ ပြီးမှ

" ဘောင်းဘီမဝတ်နဲ့အုံး "

ဟု ပြောလိုက်သည် ။

(292)

9၏ပုံစံက ချစ်သူကို ကြင်ကြင်နာနာဆက်ဆံနေခြင်းမျိုးမဟုတ်ပဲ ဆရာဝန်က လူနာကိုဆက်ဆံနေသည့်ပုံပေါက်နေသောကြောင့် ကမ်း ဂျစ်ချင်လာသည် ။ ထို့ကြောင့် ဆေးမခြောက်သေး၍ ဘောင်းဘီမဝတ်သေးရန်ပြောနေသော 9 အား

He is my DOLL(19)Where stories live. Discover now