He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(211)
ကမ်း 9၏ ခံစားမှုအားအကောင်းဆုံးနေရာဖြစ်သည့် ညှပ်ရိုးကိုနမ်းရင်း ဖွဖွကိုက်လိုက်သည် ။
" အာ့ဟာ့ "
ဟု ညည်းလာသော 9ကို ထလာစေရန် အသာဆွဲထူလိုက်သည် ။ ပြီးမှ မိမိဝတ်ထားသော အဝတ်အစားများကို အတွင်းခံဘောင်းဘီပါမကျန်အောင် ချွတ်ပစ်လိုက်သည် ။ 9က ကမ်းလုပ်နေသည့်အလုပ်ကို သိဟန်တူသည် ။
" ဘာလုပ်နေတာလဲ ကမ်းလက် ... မလုပ်နဲ့ "
ဟု မောသံရော၍တားသည် ။
သို့သော် ...
ကမ်းက ဂရုမစိုက် ။ အတွင်းခံအောက်မှ ကြီးထွားနေပြီဖြစ်သော 9၏အငယ်ကောင်ကို ခေါင်းငုံ့၍ နမ်းရှိုက်လိုက်သည် ။ ပြီးမှ" စိတ်မပူပါနဲ့ ... မင်းကိုငါနာအောင်မလုပ်ပါဘူး "
ဟု ပြောလိုက်သည် ။ ရုတ်တရက်ဆိုသလို
" မရဘူး ... မလုပ်နဲ့ "
ဟု ပြောကာ ငြင်းဆန်လာသော 9ကိုကြည့်၍ ကမ်း ကြောင်နေစဉ်မှာပင် 9က ကမ်း၏နှုတ်ခမ်းများကို နမ်းရှိုက်လာသည် ။
(212)
ပိုင် ကမ်းလက်နှင့်အတူနေရင်း ကမ်းလက်၏စိတ်ကို အနည်းငယ်ခံစားမိလာသလိုရှိသည် ။ ကမ်းလက်နှင့်အတူ လိင်မှုကိစ္စနှင့်ပတ်သတ်သော ကိစ္စတစ်ခုခုလုပ်တိုင်း မိမိက သာယာမှုယူသောလူထက် ကမ်းလက်အား သာယာမှုပေးသောလူဖြစ်ချင်သည် ။ ကမ်းလက်ကလည်း ပိုင့်ကဲ့သို့ပင် သာယာမှုပေးသောလူ ဖြစ်လိုဟန်တူသည် ။
သို့သော် ...
ကမ်းလက်ထံမှရရှိသော သာယာမှုကို ပိုင် မယူချင် ။ မယူရက်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည် ။ ထို့ကြောင့် ကမ်းလက်က ပိုင့်ကို သာယာမှုပေးရန်ဟန်ပြင်တိုင်း အသည်းအသန် ငြင်းဆန်နေမိခြင်းဖြစ်သည် ။ ယခုလည်း ကမ်းလက်က ပိုင့်ကို သာယာမှုပေးရန် ဟန်ပြင်နေသောကြောင့် ပိုင် ကမ်းလက်ကို စိတ်ပြောင်းသွားစေရန် ကြမ်းတမ်းသောအနမ်းဖြင့် တားဆီးရင်း ပိုင်ကပင် သာယာမှုပေးရန် ကြိုးစားနေမိသည် ။ ထိုသို့ကြိုးစားနေစဉ်