31.(Z)⚠️

1.9K 47 0
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(301)

" အခုထိ ကြောက်နေတုန်းလား "

ဟု မေးလာသော ကမ်းလက်၏မေးခွန်းကို ပိုင် ပြန်မဖြေတတ် ။ ကမ်းလက်က ပိုင့်ရင်ခွင်ထဲသို့ ခေါင်းတိုး၍

" မင်းငါ့ကိုချစ်တယ်ဆိုတာ ငါခံစားလို့ရတယ် ... အဲ့ဒါကြောင့် မကြောက်နဲ့ "

ဟု ပြောသည် ။ ထို့ကြောင့် ပိုင် ကမ်းလက်၏ဆံပင်များကို ဖွဖွနမ်းရှိုက်လိုက်ပြီး

" ကျွန်တော်လည်းသိတယ် ... ဒါပေမဲ့ "

ဟု စကားစလိုက်သည် ။ ပိုင့်စကားမဆုံးသေးခင်မှာပင် ရင်ခွင်ထဲတွင်မျက်နှာဖွက်ထားသောကမ်းလက်က ပိုင့်ကိုမော့ကြည့်လာသည် ။ ပါးစပ်မှလည်း

" ဒါပေမမဲ့နဲ့တော့ "

ဟု ပြောကာ စေ့ပိတ်ထားသော ပိုင့်နှုတ်ခမ်းများကို နမ်းရှိုက်လာသည် ။

(302)

ဘဝတစ်လျှောက်လုံး အတုအယောင်များနှင့်သာ ဖြတ်သန်းလာခဲ့ရသော 9 ကို အစစ်အမှန်ပေးရန် ခက်ခဲမည်မှန်း ကမ်းသိသော်လည်း ယခုလောက်အထိ ခက်ခဲမည်ဟု ထင်မထားမိခဲ့ ။ ပါးစပ်က ကမ်းကိုချစ်သည်ဟု အဖြေပေးပြီးပြီဖြစ်သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ် ။ ကမ်းနှင့်ပတ်သတ်ရန် ဝန်လေးနေဆဲဖြစ်သည် ။ ကြောက်သည်ဟု ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားသော်လည်း ထိုအကြောက်တရားက 9 ကမ်း၏ခံစားချက်ကို ကစားမိမည်စိုး၍ ကြောက်ခြင်းမျိုးမဟုတ် ။ ကမ်း၏ထားခဲ့ခြင်းကိုခံရမည်ကို စိုးရိမ်နေသော အကြောက်တရားဖြစ်သည် ။

သို့သော် ...
9 က အမှန်တရားကို လက်မခံ ။ မိမိကိုယ်ကိုယ် လိမ်ညာနေသည် ။ ထို့ကြောင့် 9 မိမိအား ယုံယုံကြည်ကြည်နှင့် စိတ်ချလက်ချချစ်နိုင်စေရန် 9 နှင့် အတူရှိချိန်တွင် လိင်ကိစ္စကိုသာ အသားမပေးပဲ 9 ဖြစ်ချင်သည့်ဆန္ဒများကို နားထောင်ပြီး ဖြည့်ဆည်းပေးကာ 9 အနားသို့ ဖြည်းဖြည်းချင်းချဉ်းကပ်မည်ဟု စိတ်ကူးထားလိုက်သည် ။

He is my DOLL(19)Donde viven las historias. Descúbrelo ahora