39

10.1K 232 2
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(381)

ကမ်းလက်ကို စစ်ဆေးရန်ခေါ်ထားသည်မှာ ယနေ့နှင့်ဆိုလျှင် လေးဆယ့်ရှစ်နာရီ နှစ်ရက်ရှိပြီဖြစ်သည် ။ ဝရမ်းနှင့်တကွ လာဖမ်းခြင်းဖြစ်သော်ငြား ခိုင်လုံသောသက်သေမရှိသဖြင့် ပြန်လွှတ်ရမည်ဖြစ်သည် ။ ထို့ကြောင့် ပိုင် ကုမ္ပဏီမှ အိမ်သို့စောစောပြန်ကာ ကမ်းလက်ကို စောင့်နေလိုက်သည် ။ ဝဏ္ဏတို့ထံမှ မည်သည့်စကားမှမကြားသော်လည်း ကမ်းလက်ပြန်လာမည်ကို အသေအချာသိနေသောကြောင့် ဧည့်ခန်းထဲတွင် တီဗီကြည့်ရင်း စောင့်နေမိသည် ။

သို့သော် ...
ကမ်းလက်က တော်တော်နှင့်ပေါ်မလာ ။ ညနေခြောက်နာရီခွဲသည်အထိ ပေါ်မလာသောကြောင့် ပိုင် စိုးရိမ်နေမိသည် ။ ထိုစဉ် ဝဏ္ဏက

" အစ်ကိုလေး "

ဟု ခေါ်၍ ပိုင့်အနားသို့ လျှောက်လာသည် ။ ဝဏ္ဏက ရိုးရိုးခေါ်လိုက်ခြင်းဖြစ်သော်လည်း ပိုင့်စိတ်ထဲတွင် မရိုးနိုင် ။ မျှော်လင့်တကြီးဖြင့် ဝဏ္ဏကို ကြည့်လိုက်သည် ။ ဝဏ္ဏက ပိုင့်ကိုပြုံးပြပြီး

" သက်သေမခိုင်လုံလို့ ဘော့စ်ကို အိမ်ပြန်လွှတ်လိုက်ပြီတဲ့ ... အခု ဘော့စ့်အိမ်ကိုပြန်လာနေပါပြီ ... လမ်းတစ်ဝက်ရောက်နေပါပြီ ... ခိုင်မြဲသွားခေါ်နေပါတယ် "

ဟု ပြောသည် ။ ဝဏ္ဏ၏စကားအဆုံးတွင် ပိုင် မယုံကြည်နိုင်စွာဖြင့်

" တကယ်လား "

ဟု မေးလိုက်သည် ။ ပိုင့်မေးခွန်းကို ဝဏ္ဏ ပြန်မဖြေရသေးခင်မှာပင် ပိတ်ထားသောတံခါးက ပွင့်သွားပြီး ကမ်းလက်က အပေါက်ဝတွင်ပေါ်လာသည် ။ ထို့ကြောင့် ပိုင်

" ဒယ်ဒီ "

ဟု ခေါ်ကာ ကမ်းလက်ထံ ပြေးသွားလိုက်သည် ။

(382)

" ဒယ်ဒီ "

ဟု အော်ခေါ်၍ ပြေးဖက်လာသော 9 ၏ ခန္ဓာကိုယ်လေးကို ကမ်း တင်းကြပ်နေအောင်ဖက်ထားရင်း 9 ၏ ပွယောင်းယောင်းဆံပင်များအား နမ်းရှိုက်လိုက်သည် ။ ပြီးမှ

He is my DOLL(19)Where stories live. Discover now