He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(71)
9က ဆေးရုံသွားမည်ဟုပြောကာ အပြင်ထွက်သွားသောကြောင့် ကမ်း အူကြောင်ကြောင်ဖြင့် ကျန်ခဲ့သည် ။ စိတ်ထဲမှလဲ
" ဆေးရုံ "
" ဘယ်ဆေးရုံကို ဘာသွားလုပ်မလို့လဲမသိဘူး "
ဟု တွေးနေမိသည် ။ တွေးနေရင်းကပင် 9တစ်ယောက် အိမ်ထဲမှ ခြံဝရောက်အောင် နာရီဝက်နီးပါးလျှောက်ရမည်ဖြစ်ကြောင်း တွေးမိသဖြင့် အပြင်တွင်စောင့်နေသော ဝဏ္ဏကို
" ဝဏ္ဏ ..... 9ကိုသူ့အလုပ်အထိလိုက်ပို့ပေးလိုက် .... ဆေးရုံသွားရမယ်ပြောတယ် ..... ဘယ်ဆေးရုံဆိုတာပါ သေချာစုံစမ်းလာခဲ့ "
ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် ဝဏ္ဏက
" ဟုတ်ကဲ့ ဘော့စ် "
ဟု ပြောကာ နေရာမှခပ်သွက်သွက်ထွက်သွားသည် ။ ဝဏ္ဏထွက်သွားသောအခါမှ ကမ်း 9အိပ်သွားသောအခန်းထဲသို့ ပြန်ဝင်လာခဲ့လိုက်သည် ။ ထို့နောက် ကုတင်ပေါ်တွင် ဘေးတစောင်းလှဲလိုက်သည် ။ လှဲနေရင်းနှင့် စိတ်ထဲက
" မင်းကိုချစ်လွန်းလို့သေတော့မယ် 9ရေ "
ဟု ပြောလိုက်သည် ။
(72)
" ဘော့စ် "
" 9အလုပ်လုပ်တဲ့ဆေးရုံသိရပါပြီ "
ကမ်း 9အတွက် ဖုန်းအသစ်တစ်လုံး အစားပြန်ပေးရန် ဖုန်းများကိုကြည့်နေစဉ် ဝဏ္ဏက အနားသို့ရောက်လာပြီးပြောခြင်းဖြစ်သည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး
" အင်း "
ဟု ပြောလိုက်သည် ။ ကမ်းထံမှ တုံ့ပြန်မှုရသောအခါ ဝဏ္ဏက
" 9 က Two Brothers ဆေးရုံမှာ အလုပ်လုပ်နေတာပါ "
ဟု ပြောသည် ။ ဝဏ္ဏ၏စကားအဆုံးတွင် ကမ်း မျက်မှောင်ကြုံ့လိုက်ပြီး
" အဲ့ဒီ Two Brothers က တရားမဝင်ဖွင့်ထားတာမဟုတ်လား "
ဟု မေးလိုက်သည် ။ ကမ်း၏မေးခွန်းကို ဝဏ္ဏက ခေါင်းညိတ်၍ အဖြေပြန်ပေးသည် ။ ဝဏ္ဏစကားကြောင့် ကမ်း ငိုင်သွားမိပြီး စိတ်ထဲမှ