He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(141)
ကမ်း အပေါ်ထပ်မှဆင်းလာရင်း လှေကားမှ လျော့ပင်မလျော့သော ထမင်းပန်းကန်ကိုယူ၍ 9၏ အခန်းထဲမှထွက်လာသော ဝဏ္ဏကို တွေ့လိုက်ရသဖြင့်
" ဝဏ္ဏ "
ဟု လှမ်းခေါ်ကာ
" 9 ထမင်းမစားပြန်ဘူးလား "
ဟူ၍ မေးလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် ဝဏ္ဏက အားတုံ့အားနာဟန်ဖြင့်
" ဟုတ်တယ် ဘော့စ် "
ဟု ပြန်ဖြေသည် ။ ဝဏ္ဏ၏အဖြေစကားကိုနားထောင်ပြီး ကမ်း စိတ်မကောင်းဖြစ်သွားရသည် ။
သို့သော် ...
ဝဏ္ဏကိုမူ ပြုံးပြလိုက်ပြီး" အင်း ... အင်း "
ဟု ပြောကာ
" ငါ 9ကိုသွားကြည့်လိုက်အုံးမယ် ... ထမင်းက ငါကျွေးလိုက်မယ် "
ဟူ၍ ပြောလိုက်သည် ။ ဝဏ္ဏက
" ဟုတ်ကဲ့ ဘော့စ် "
ဟု ပြောကာ ထမင်းပန်းကန်ကို ကမ်းအားပေးပြီး ထွက်သွားသောအခါမှ ကမ်းလည်း လှေကားပေါ်မှဆင်း၍ 9၏အခန်းထဲ ဝင်လာခဲ့လိုက်သည် ။
9က ကမ်းဝင်လာသည်ကို သိဟန်မတူ ။ စောင်ခေါင်းမြီးခြုံ၍ အိပ်နေသည် ။ ကမ်း 9အား ခေါ်သင့် မခေါ်သင့် တွေဝေနေရင်း ကုတင်ခြေရင်းတွင် ဝင်ထိုင်လိုက်သည် ။ လူထိုင်လိုက်သည်ကို သိသည်ထင်သည် ။
" မစားပါဘူးဆို ကိုဝဏ္ဏရာ "
ဟု ဗလုံးဗထွေးဖြင့်ပြောလာသည် ။ ထိုကောင်လေးကိုကြည့်၍ ကမ်း စိတ်လိုလက်ရပြုံးလိုက်ကာ
" အငြင်းခံရတာ ငါလေ ... မင်းကဘာဖြစ်နေတာလဲ "
ဟု မေးလိုက်သည် ။
(142)
ပိုင် ဝဏ္ဏဟုထင်နေသူက ဝဏ္ဏမဟုတ်ပဲ ကမ်းလက်ဖြစ်နေသောကြောင့် အံ့သြသွားပြီး ငုတ်တုတ်ထထိုင်လိုက်သည် ။ ကမ်းလက်က