He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(151)
ပိုင် အိပ်ပျော်နေရာမှ နိုးလာလာချင်း ခေါင်းကိုက်သောဝေဒနာကို ရှေးဦးစွာ ခံစားရသဖြင့် နားထင်ကိုလက်ဖနောင့်ဖြင့်ဖိကာ
" ခေါင်းကိုက်လိုက်တာ "
ဟု ရေရွတ်လိုက်မိသည် ။ ထိုစဉ်
" ကိုက်မှာပေါ့ ... တစ်နေကုန်အိပ်နေတာကိုး "
ဟု ပြောလိုက်သော ကမ်းလက်၏အသံက ထွက်လာသဖြင့် လန့်ဖြန့်သွားကာ အသံလာရာဆီ ဝေ့ဝဲကြည့်လိုက်သည် ။ ဆိုဖာတွင်ထိုင်ကာ ကွန်ပြူတာတစ်လုံးနှင့် အလုပ်လုပ်နေသော ကမ်းလက်ကို တွ့လိုက်ရသောကြောင့်
" ခင်ဗျားဘယ်တုန်းကရောက်လဲ "
ဟု မေးလိုက်သည် ။ ကမ်းလက်က
" ကြာပြီ "
ဟု ဖြေရင်း ထိုင်ရာမှထကာ ပိုင့်ဆီသို့လျှောက်လာသည် ။ ထို့နောက်
" ညနေစောင်းနေပြီ ... ညစာသွားစားရအောင် ... ထ "
ဟု ပြောသည် ။ ကမ်းလက်၏စကားအဆုံးတွင် ပိုင် ခေါင်းညိတ်လိုက်ပြီး
" လာခဲ့မယ် ... ခဏလေးစောင့် ... အိမ်သာဝင်မလို့ "
ဟု ပြောလိုက်သည် ။ ပိုင့်ထံမှ အဖြေစကားရသည်နှင့် ကမ်းလက်က
" အိုကေ "
ဟု ပြောကာ အခန်းထဲမှထွက်သွားသည် ။
(152)
ကမ်း ထမင်းစားခန်းထဲရောက်ပြီး သိပ်မကြာခင်မှာပင် 9က ထမင်းစားခန်းထဲရောက်လာသည် ။ ထို့ကြောင့်
" ထိုင် 9 "
ဟု ပြောပြီး 9အတွက် ခုံကို ဆွဲထုတ်ပေးလိုက်သည် ။ 9က ကမ်းထုတ်ပေးသောခုံတွင်ဝင်ထိုင်ပြီး စားပွဲခုံပေါ်ရှိဟင်းများကို ဝေ့ဝဲကြည့်သည် ။ အိမ်အကူတစ်ယောက်က 9နှင့်ကမ်းအတွက် ထမင်းပန်းကန်နှစ်ချပ်ကို သယ်လာသည် ။ 9က ထိုအိမ်အကူ၏လက်ထဲမှ ထမင်းပန်းကန်ကိုလှမ်းယူရင်း တစ်ချပ်ကို ကမ်းအားပေးကာ
