He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(41)
စိမ့်၍အေးနေသော ခံစားချက်ကြောင့် ပိုင်အိပ်ရာမှနိုးလာသည် ။ ခန္ဓာကိုယ်ပေါ်တွင် စောင်တစ်ထည်ရှိနေသော်လည်း ချမ်းအေးနေသည့်ခံစားချက်က ပျောက်မသွားသောကြောင့် လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်သည် ။ ထိုအခါ တစ်ခန်းလုံး ဖတ်လက်စစာအုပ်များ ဝတ်ပြီးချွတ်ထားသည့်အဝတ်များဖြင့် ရှုပ်ပွနေသည်ကို တွေ့ရသည် ။ ပိုင်အိပ်နေသည့်နေရာတွင်လည်း စောင်များ ခေါင်းအုံးများ ပုံထပ်နေသော်လည်း ချမ်းအေးနေသဖြင့် ကြောင်သွားရသည် ။
" ငါဘယ်သူ့အိမ်ကိုရောက်နေတာလဲ "
ဟု တွေးနေစဉ်မှာပင် ပိတ်ထားသောအခန်းတံခါးက ပွင့်လာပြီး ဆဲဗင်း(7) က အခန်းထဲသို့ဝင်လာသည် ။ ထို့ကြောင့် ပိုင် ခေါင်းကုတ်လိုက်ပြီး
" ငါမင်းအိမ်ကိုပါလာတာလား "
ဟု မေးလိုက်သည် ။ ပိုင့်မေးခွန်းကို ဆဲဗင်း(7) က ခေါင်းညိတ်အဖြေပေးကာ
" ထမင်းစားရအောင် ..... ထွက်ခဲ့ "
ဟု ပြောသဖြင့် ပိုင်လဲထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည် ။
(42)
ဆဲဗင်း(7)က တစ်ယောက်ထဲနေသူဖြစ်ဟန်တူသည် ။ အိပ်ခန်းကဲ့သို့ အပြင်ဘက်တွင်လည်း ရှုပ်ပွနေသည် ။ မီးဖိုချောင်ဟူ၍ သပ်သပ်ကန့်ထားခြင်းမရှိပဲ ဟောကဲ့သို့သောနေရာတွင် မီးဖိုနှင့် ထမင်းစားရန်ခုံကို ချထားသည် ။ ထိုမှတဆင့် အရှေ့သို့အနည်းငယ်လျှောက်လိုက်လျှင် ပလက်စတစ်ခုံနှစ်လုံးခန့်ကိုချထားပြီး တစ်လုံးပေါ်တွင် သတင်းစာများ ၊ စာအုပ်များကို ထိုးကြိတ်၍တင်ထားသည် ။
ပိုင်တို့အိမ်က ဆင်းရဲသော်လည်း ယခုဆဲဗင်း(7)၏ အိမ်ကဲ့သို့ ရှုပ်ပွမနေ ။ သူ့ပစ္စည်းနှင့်သူ နေရာတကျရှိသည် ။
တစ်အိမ်လုံး ပွထနေသော ဆဲဗင်း(7)၏ အိမ်ကို ပိုင်ငေးကြည့်နေစဉ်မှာပင် ဆဲဗင်း(7)က