35.

3.7K 204 2
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(341)

ချွေးများရွှဲ၍ အိပ်ရာပေါ်တွင် ခွေခွေလေးလှဲနေသော ကမ်းလက်၏နဖူးကို ပိုင် ဖွဖွနမ်းလိုက်ပြီး

" သန့်ရှင်းရေးလုပ်ရအောင် ... ထ "

ဟု ပြောလိုက်သည် ။ ပိုင့်စကားအဆုံးတွင် ကမ်းလက်က လက်နှစ်ဖက်ကိုဆန့်တန်းပေးကာ

" ချီ "

ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး ကမ်းလက်ကိုပွေ့ချီကာ ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည် ။

ညနက်ပြီဖြစ်၍ ရေမချိုးစေလိုသော်လည်း ကမ်းလက်တစ်ကိုယ်လုံး ပေပွနေသဖြင့် ကမ်းလက်ကို ရေချိုးဇလားထဲတွင်ထိုင်ခိုင်း၍ ရေပူရေအေးစပ်ပေးလိုက်သည် ။ ထို့နောက် ဆပ်ပြာထည့်ကာ ပိုင်ကိုယ်တိုင်ပါရေချိုးဇလားထဲဝင်၍ ကမ်းလက်အား ဆပ်ပြာတိုက်ပေးလိုက်သည် ။

(342)

9 က ကမ်း၏ကျောကုန်းကို ဆပ်ပြာတိုက်ပေးနေရင်းက

" မွေးနေ့လက်ဆောင်ဘာလိုချင်လဲ "

ဟု မေးသဖြင့် 9 ကို လှည့်ကြည့်လိုက်သည် ။ ပြီးမှပြုံး၍

" ငါ့မှာမင်းတစ်ယောက်လုံးရှိနေပြီပဲ ... တခြားဘာလိုချင်ရအုံးမှာလဲ ... ဒါပေမဲ့ မင်းကငါ့ကိုမွေးနေ့လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ငါ့ကိုဘယ်တော့မှမထားသွားဘူးဆိုတဲ့စကားကိုပဲပေး "

ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9 က ဖွဖွရယ်၍

" တော်တော်တတ်နေတာပဲ ... အဲ့ဒီစကါးတွေ ဘယ်ကတတ်လာတာလဲ "

ဟု မေးသည် ။ 9 ၏ မေးခွန်းကို ကမ်း ပြန်မဖြေပဲ ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်သည် ။ ထိုအခါ 9 က ကျောကုန်းကို ဆပ်ပြာတိုက်ပေးနေခြင်းကိုရပ်၍ ကမ်း၏ခါးကိုဖက်သည် ။ ထို့နောက် ပုခုံးပေါ်သို့မေးတင်ကာ

" ကျွန်တော်ပြောတယ်မဟုတ်လား ... ခင်ဗျားကျွန်တော့်ကို မမုန်းသေးသရွေ့ ကျွန်တော်က ခင်ဗျားအနားမှာပဲနေမှာ "

He is my DOLL(19)Donde viven las historias. Descúbrelo ahora