He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(261)
ဝဏ္ဏက ပိုင့်ကိုမြင်သောအခါ အားတက်သွားဟန်ဖြင့်
" 9 "
ဟု ခေါ်သည် ။ ပြီးမှ
" ဘော့စ်ဒဏ်ရါရထားတယ် ... ခေါ်ထုတ်သွားတော့ "
ဟု ပြောသည် ။ ဝဏ္ဏ၏စကားကြောင့် ပိုင် ကမ်းလက်ကိုကြည့်လိုက်သည် ။ ကမ်းလက်က ကွယ်နေသောနေရာမှထွက်လာကာ ခပ်ယဲ့ယဲ့ပြုံး၍
" ငါ့ကိုလာကယ်တာလား "
ဟု မေးသည် ။ ထိုမေးခွန်းကိုမေးလာသော ကမ်းလက်၏မျက်နှာက ဖြူဖျော့နေသဖြင့် ပိုင် စိတ်ပူသွားကာ ကမ်းလက်အနားသို့ လျှောက်သွားလိုက်သည် ။ ပါးစပ်မှလည်း
" အခုအဲ့ဒါတွေပြောနေလို့ကောင်းတဲ့အချိန်မဟုတ်ဘူး ... အောက်မှာရဲတွေရှိသေးတယ် "
ဟု ပြောကာ ကမ်းလက်၏လက်မောင်းကို တွဲလိုက်သည် ။ ထို့နောက် ဝဏ္ဏအား
" ကိုဝဏ္ဏလည်းလာတော့ ... ကျွန်တော်တို့သွားရအောင် "
ဟု ပြောပြီး ကမ်းလက်နှင့်အတူ လှေကားဆီသို့ လျှောက်လာခဲ့လိုက်သည် ။
(262)
ပိုင် ကမ်းလက်ကိုခေါ်၍ ကားရပ်ထားသည့်နေရာသို့ရောက်သည်နှင့် ဝိုင်းထားသောရဲများက ဆီး၍ပစ်ကြသည် ။ ကားက ကျည်ကာကားဖြစ်၍သာ ပိုင်တို့မသေခြင်းဖြစ်သည် ။ ပိုင်တို့ကားထွက်ရန်ပြင်သည်နှင့် ခိုင်မြဲဦးဆောင်သော ကမ်းလက်တို့ဘက်မှအဖွဲ့သားများက ရောက်လာသည် ။ လူအင်အားတိုးသွားသောကြောင့် ရဲများအလုပ်ရှုပ်သွားရသည် ။ ပိုင်လည်း ရဲများအလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူ၍ အခင်းဖြစ်နေရာကို ခိုင်မြဲတို့နှင့်ထားခဲ့ကာ ကားကိုအရှိန်မြှင့်၍ မောင်းထွက်လိုက်သည် ။ ကားမောင်းရင်း ကမ်းလက်၏အခြေအနေကိုသိရရန် ကမ်းလက်အားကြည့်လိုက်သောအခါ ကမ်းလက်က သွေးထွက်လွန်မှုကြောင့် သတိလစ်နေပြီဖြစ်သည် ။ ထို့ကြောင့် ဝဏ္ဏအား