42

7.3K 225 13
                                    

My sex doll (Call me Daddy) 🔞🔞🔞

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(411)

ရှည်လျားလှသော ကမ်း၏စကားအဆုံးတွင် 9 က ခေါင်းညိတ်၍

" ဒီတစ်ခါနောက်ဆုံးပဲနော် "

ဟု ပြောသည် ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး

" အင်း ... စိတ်ချ ... နောက်နေ့တွေကစပြီး မင်းဝါသနာပါတဲ့ ဆေးကုတာကိုပဲလုပ်တော့ "

ဟု ပြောလိုက်သည် ။ ပြီးမှ

" ပင်ပန်းနေပြီမဟုတ်လား "

ဟု မေးလိုက်သည် ။ ကမ်း၏မေးခွန်းကို 9 က

" အလုပ်ကမပင်ပန်းပါဘူး ... ကျွန်တော်ကစိတ်မဝင်စားလို့ပင်ပန်းတယ်ထင်နေတာ "

ဟု အလိမ္မာသုံး၍ဖြေသည် ။ 9 ၏ အဖြေစကားအဆုံးတွင် 9 ကို ဖက်ကာ ပုခုံးပေါ်တွင် မှီစေလိုက်ပြီး

" အိပ်ငိုက်နေပြီမဟုတ်လား ... ကိုယ့်ကိုမှီပြီးအိပ် "

ဟု ပြောလိုက်သည် ။ 9 ကလည်း ကမ်း၏စကားအတိုင်း ကမ်း၏လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ပုခုံးပေါ်တွင်မှီလာသဖြင့်

" ကိုယ်ဝဏ္ဏကို လာခေါ်ခိုင်းလိုက်မယ် "

ဟု ပြောလိုက်သည် ။ ထိုအခါ 9 က

" ညနက်နေပြီ ... ကိုဝဏ္ဏလည်း သူ့ကောင်လေးနဲ့နားချင်ပြီပေါ့ ဒယ်ဒီရဲ့ ... တခြားလူကိုခေါ်လိုက်ပါ "

ဟု တားသည် ။ ပင်ပန်းနေသည့်ကြားကပင် အခြားလူများအတွက် ပူနေသေးသော 9 ၏ ပုံစံက ချစ်စရာကောင်းနေသောကြောင့် 9 ၏ နဖူးကို ဖွဖွနမ်းလိုက်ပြီး

" ကိုယ့်ကောင်လေးက တကယ့်ချစ်မွှေးလေးပါကွာ "

ဟု တီးတိုးပြောလိုက်သည် ။

(412)

အိမ်မှဒရိုင်ဘာလာခေါ်သည်အထိ 9 က အိပ်နေဆဲဖြစ်သည် ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူကို မနှိုးရက်သောကြောင့် အသာပွေ့ချီကာ ကားပေါ်သို့တင်လိုက်သည် ။ ပြီးမှ ဆိုင်ကယ်ကိုတင်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည် ။ တစ်လမ်းလုံးအိပ်လာသူက အိမ်ပြန်ရောက်သောအခါ နိုးသော်လည်း အိပ်ချင်မူးတူးဖြစ်နေသည် ။ ထို့ကြောင့် ကမ်းကပင် ကုန်းပိုး၍ အခန်းထဲသို့ခေါ်လာခဲ့လိုက်သည် ။ အခန်းထဲရောက်သည်နှင့် 9 ၏ ခန္ဓာကိုယ်ပေါ်တွင် အထပ်ထပ်ဝတ်ထားသော အဝတ်အစားများကို ချွတ်ပေးရသည် ။ တစ်ကိုယ်လုံး အဝတ်အစားများကိုချွတ်ပေးပြီးနောက် အိမ်နေရင်းအဝတ်အစားများကို လဲဝတ်ပေးလိုက်သည် ။ အကုန်လုံးပြီးသောအခါ ကိုယ်တိုင်လည်း ပင်ပန်းနေပြီဖြစ်သောကြောင့် ခြေလက်ဆေးကာ 9 ၏ ဘေးတွင် ဝင်လှဲလိုက်သည် ။ 9 ၏ ဘေးတွင်လှဲနေရင်း မျက်တောင်ရှည်ရှည်ကျဲကျဲလေးများရှိနေသည့် မျက်လုံးများကို ဖွဖွနမ်းလိုက်သည် ။ ထိုစဉ်

He is my DOLL(19)Onde histórias criam vida. Descubra agora