He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(431)
ကမ်းလက်က
" အတူသွားဖို့တစ်နေရာရှိတယ် ... ခဏနေ ဆေးရုံကိုလာခေါ်မယ် "
ဟု ဖုန်းဆက်ထားသဖြင့် ပိုင် ရုံးခန်းထဲတွင်ထိုင်ကာ ကမ်းလက်ရောက်အလာကို စောင့်နေမိသည် ။ နာရီဝက်နီးပါးရှိသောအခါ ကမ်းလက်က ကားပါကင်ထဲရောက်နေပြီဖြစ်ကြောင်း လှမ်းပြောသဖြင့် ကားပါကင်ထဲသို့ ဆင်းလာခဲ့လိုက်သည် ။ ခါတိုင်း ကမ်းလက်လာကြိုလျှင် တစ်ယောက်ထဲသာ လာလေ့ရှိသော်လည်း ယနေ့တွင်မူ ဝဏ္ဏကိုပါ ခေါ်လာသည် ။ ဝဏ္ဏက ကားအနားတွင်ရပ်ကာ စောင့်နေရင်း ပိုင့်ကိုတွေ့သောအခါ ခပ်သွက်သွက်လျှောက်လာပြီး ချွတ်၍ လက်ထဲတွင်ကိုင်လာသော အပေါ်ဝတ်အင်္ကျီနှင့် လက်ဆွဲအိတ်ကိုယူသည် ။ ပိုင် ဝဏ္ဏကို လက်ထဲမှပစ္စည်းများကိုပေးရင်း
" ဒယ်ဒီရေါပါလာလား "
ဟု မေးလိုက်သည် ။ ထိုမေးခွန်းကို ဝဏ္ဏက
" ဘော့စ်ပါလာပါတယ် အစ်ကိုလေး ... ကားထဲမှာစောင့်နေပါတယ် "
ဟု ပြန်ဖြေသဖြင့် ပြုံးလိုက်ပြီး ရပ်ထားသောကားဆီသို့ ပြေးသွားလိုက်သည် ။
(432)
ပြေးလာသောပိုင့်ကို ခပ်လှမ်းလှမ်းကတည်းက တွေ့နေရသောကြောင့် ကမ်း ပြုံးလိုက်ပြီး လက်ထဲမှ ပန်းစည်းကို ကြည့်လိုက်သည် ။ ခိုင်မြဲက စိတ်လှုပ်ရှားနေသောကမ်းကိုကြည့်ကာ
" ကျွန်တော်ဘာလုပ်ပေးဖို့လိုသေးလဲ ဘော့စ် "
ဟု မေးသည် ။ ထို့ကြောင့် ခိုင်မြဲကို ခေါင်းခါပြလိုက်ပြီး
" ကျေးဇူးပဲ "
ဟု ပြောလိုက်သည် ။ ခိုင်မြဲနှင့် စကားပြောနေစဉ်မှာပင် ပိုင်က ကားရှိရာဆီသို့ ရောက်လာပြီး ကားတံခါးကိုဆွဲဖွင့်သည် ။ ထို့နောက် လွတ်နေသော ကမ်း၏ဘေးတွင်ဝင်ထိုင်သည် ။ ပိုင် ထိုင်ပြီးသွားသောအခါမှ အသင့်ပြင်ထားသော ပန်းစည်းကို ပိုင့်အား လှမ်းပေးလိုက်သည် ။ ပိုင်က ပန်းစည်းကိုလှမ်းယူသော်လည်း မည်သည့်အတွက်ပေးမှန်း သိသေးပုံမပေါ် ။ အူလည်လည်ဖြင့် ကမ်းကိုကြည့်လာသည် ။ ထို့ကြောင့် ကမ်း ပြုံးလိုက်ပြီး
