He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(181)
ကမ်းလက်ကိုပွေ့ချီ၍ ထမင်းစားခန်းထဲဝင်လာသော ပိုင့်ကို ဝဏ္ဏက တအံ့တသြကြည့်နေသော်လည်း ကမ်းလက်နှင့် ပိုင်ကမူ မျက်နှာပြောင်ပြောင်နှင့်ပင် ခုံတွင်ဝင်ထိုင်လိုက်သည် ။ ပြီးမှ ကမ်းလက်က ချောင်းဟန့်ကာ
" တလွဲတွေးမနေနဲ့ "
ဟု ဝဏ္ဏကို အံကြိတ်သံနှင့်ပြောသည် ။ ကမ်းလက်၏အံကြိတ်သံကိုကြားပြီး ပိုင် ရယ်ချင်သွားသည် ။
သို့သော် ...
ရယ်ချင်စိတ်ကိုထိန်းထားပြီး ကမ်းလက်အား" စားပြီးရင် ဆေးမသောက်နဲ့အုံး ... ခါးကိုတစ်ချက်ကြည့်အုံးမယ် ... အတော်ဆိုးရင် ဆေးရုံသွားရအောင် "
ဟု ပြောလိုက်သည် ။ ကမ်းလက်က ခေါင်းညိတ်ပြသဖြင့် ပိုင် အခန်းပြန်ရန် မတ်တပ်ထရပ်လိုက်သည် ။ ထိုစဉ် ကမ်းလက်က ပိုင့်လက်ကို လှမ်းဆွဲထားကာ
" ဘယ်သွားမလို့လဲ ... မနက်စာစားသွားလေ "
ဟု ပြောသည် ။ ကမ်းလက်က မနက်စာစားရန်ခေါ်နေသော်လည်း ပိုင့်စိတ်ထဲတွင် အိပ်ချင်စိတ်ကသာ ကြီးစိုးနေသည် ။ အိပ်ငိုက်နေသော်လည်း အိပ်၍မရသေး ။ ကမ်းလက်၏ ခါးဒဏ်ရါကိုကြည့်ပေးပြီး အခန်းထဲသို့ပွေ့ကာ ပြန်ခေါ်သွားရအုံးမည်ဖြစ်သောကြောင့် ခေါင်းညိတ်လိုက်ပြီး ခုံတွင်ပြန်ထိုင်လိုက်သည် ။
(182)
9၏ လက်ချောင်းသွယ်သွယ်လေးများက ခါးကိုလာထိသဖြင့် ကမ်း ယားကျိကျိဖြစ်သွားသည် ။ 9က ကမ်း၏စိတ်ကိုသိဟန်မတူ ။ ဆေးအပူလိမ်းပေးကာ ပလာစတာကပ်ပေးရင်း
" ညိုမဲတော့စွဲသွားတယ် ... မနေ့ညကလောက်နာနေသေးလား "
ဟု မေးသည် ။ 9၏မေးခွန်းကို ကမ်း
" ဟင့်အင်း ... မနက်ကလောက်တောင်မနာတော့ဘူး "
ဟု အဖြေပြန်ပေးလိုက်သည် ။ ကမ်း၏အဖြေစကားကိုကြားသောအခါမှ 9က လှန်ထားသောအင်္ကျီစကို ပြန်အုပ်ပေးကာ