He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။
(321)
9 က ကမ်း၏စကားကို လက်ခံ၏ လက်မခံ၏ မပြောပဲ
" ကမ်းလက် ... ဘယ်လိုဖြစ်နေတာလဲ ... လူတွေနဲ့ကို "
ဟု ပြောကာ ရုန်းနေသဖြင့် ကမ်း ပို၍တင်းကြပ်အောင်ဖက်လိုက်ပြီး
" ငါပြောတာ လက်ခံ,မခံ မသိရသေးသရွေ့ ငါကဖက်ထားမှာပဲ "
ဟူ၍ စျေးကိုင်လိုက်သည် ။ ထိုအခါမှ 9 က အသံတိတ်သွားသည် ။ အသံတိတ်သွားပြီး စကားစမလာသောကြောင့် ကမ်းကပင် 9 ၏ ဂုတ်ကို ဖွဖွနမ်းလိုက်ပြီး
" အဖြေစောင့်နေတယ် ... မင်းတကယ်ပဲ အဖြေမပေးချင်တာလား ဒါမှမဟုတ် ငါဒီလိုဖက်ထားတာကို ကြိုက်နေတာလား "
ဟု မေးလိုက်သည် ။ ယခုတစ်ခါတွင်မူ 9 က တိတ်မနေပဲ
" အားအားယားယားခင်ဗျားဖက်တာကိုကြိုက်နေစရာလား "
ဟု ရန်ပြန်ထောင်သည် ။ ပြီးမှ
" ခင်ဗျားရဲ့ကမ်းလှမ်းချက်ကိုလက်ခံတယ် "
ဟု ဆက်ပြောသည် ။
(322)
ကမ်း ဤဆေးရုံတွင် အတွင်းပိုင်းပြင်ဆင်မှုစတင်ကတည်းက 9 အား ပေးမည်ဟု ရည်ရွယ်၍ ပြင်ဆင်ထားခဲ့သောရုံးခန်းဆီသို့ 9 ကို ခေါ်လာခဲ့လိုက်သည် ။ 9 က ရုံးခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုရင်း
" တကယ်ပဲ ဒီလေါက်အကျယ်ကြီးက ကျွန်တော့်ရုံးခန်းလား "
ဟု မေးသည် ။ 9 ၏ မေးခွန်းကို ကမ်း ခေါင်းညိတ်အဖြေပေးလိုက်ပြီး
" ဟုတ်တယ် ... ဒါပေမဲ့ တစ်ခုတော့ရှိတယ် "
ဟု စကားစလိုက်သည် ။ 9 က ကမ်းဆက်ပြောမည့်စကားကို စောင့်နေဟန်ဖြင့် ကမ်း၏မျက်နှာကို ငေးကြည့်နေသဖြင့် ချောင်းဟန့်လိုက်ပြီး
" ဒါပေမဲ့ မင်းဆေးမကုရဘူး ... ဒီရုံးခန်းထဲက စားပွဲမှာထိုင်ပြီး မင်းခန့်ထားတဲ့ဆရာဝန်တွေရဲ့ဂျူတီချိန်တွေကို စီမံခန့်ခွဲပေးရမယ် ... သူတို့နဲ့ပတ်သတ်တဲ့ကိစ္စမှန်သမျှကို မင်းကကြီးကြပ်ပေးရမယ် "
