14.

6.4K 398 0
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(131)

ဝဏ္ဏထွက်သွားသောအခါမှ ကမ်း 9ခြုံထားသောစောင်ကို ဆွဲဖယ်လိုက်ပြီး

" အခုမှ လာရှက်မနေနဲ့ ... ခံတုန်းကကျတော့ငြိမ်ခံနေပြီး "

ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9က ခြုံထားသောစောင်ကို ချက်ချင်းဆွဲဖယ်ကာ ငုတ်တုတ်ထထိုင်ပြီး

" ဘောကိုငြိမ်ခံနေပါလား .... မခံချင်လို့ဝေးဝေးနေတာကို ခင်ဗျားလာစတာလေ "

ဟု ပြောသည် ။ အသည်းအသန်ငြင်းနေသော 9၏ပုံစံကိုကြည့်ကာ ကမ်း ရယ်ချင်သွားသည် ။ ထို့အပြင် 9အား စလိုသောကြောင့် ရယ်ဟဟဖြင့်

" ဟုတ်တယ်လေ .... ငါလုပ်ပေးတာကို သဘောကျလို့ မင်းပဲငါ့နာမည်ကိုညည်းနေတာလေ "

ဟု ပြောလိုက်သည် ။

" ဘယ်သူက ဘယ်သူ့ကိုလာစတာလဲပဲပြောလိုက် "

ဟူသော စကားအဆုံးတွင် ကမ်း၏လက်မောင်းတစ်ဖက် အီစိမ့်သွားသဖြင့် 9ကိုပေစောင်းစောင်းဖြင့်ကြည့်လိုက်ပြီး

" လက်ပါတယ်ဟုတ်လား "

" လက်နဲ့ဖြေရှင်းတယ်ပေါ့ "

ဟု ပြောလိုက်ကာ 9ကိုပြန်ရိုက်ရန် လက်ပြင်စဉ် 9က ကမ်းကို လျှာထုတ်ပြပြီး

" ပြန်ရိုက်ချင်တယ်ပေါ့ .... ဆုတောင်းနေလိုက် "

ဟူ၍ ပြောသည် ။ ထို့နောက် သွက်လက်စွာပင် ကုတင်ပေါ်မှခုန်ဆင်းသည် ။ မထိတထိပြုံးကာ ရန်စလာသော 9ကိုကြည့်ကာ ကမ်း အူယားလာသည် ။ ထို့ကြောင့်

" ပြေးလို့လွတ်မယ်ထင်ရင် ဖုန်ရှုလိုက်လေ သားလေး "

ဟု ပြောကာ ထိုင်နေရာမှထလိုက်ပြီး 9ရှိနေသည့်ဘက်သို့ ခုန်ကူးလိုက်သည် ။

(132)

9က ကမ်း၏လက်မှလွတ်အောင်ပြေးသလို ကမ်းကလည်း 9ကိုအလျှော့မပေး ။ 9သွားရာအနောက်သို့ မှီအောင်လိုက်၍ 9၏ကျောပြင်ကို အားနှင့်ရိုက်သည် ။ 9ကလည်း ထိုကဲ့သို့ပင် ကမ်းအား လက်စားပြန်ချေသည် ။ ကမ်း 9နှင့် ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုက်နေစဉ် 9က မတ်တပ်ရပ်နေရာမှ ရုတ်တရက်လှဲချကာ ကုတင်အောက်သို့လှိမ့်ဝင်ရန် ဟန်ပြင်သည် ။ ထို့ကြောင့် 9အား ပြန်ရိုက်ရန်ဟန်ပြင်နေသောကမ်းလည်း ဟန်ချက်ပျက်သွားကာ ကြမ်းပြင်ပေါ်သို့ ခွေးကျ,ကျရတော့သည် ။

He is my DOLL(19)Wo Geschichten leben. Entdecke jetzt