13.🔞

12K 451 15
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(121)

ကမ်း ကိစ္စပြီးသွားသည်နှင့် 9က သန့်ရှင်းရေးပင်မလုပ်တော့ပဲ အိပ်ရာပေါ်တွင် ပုံရက်သားလှဲချသည် ။ ထို့ကြောင့် ကမ်း 9ကိုဆွဲထူလိုက်သည် ။ 9က ကမ်းဆွဲထူသည်ကို မထပဲ

" မပြီးသေးဘူးလားကွာ "

ဟု မေးသည် ။ 9ပြောလိုက်သည့်စကား၏ အဓိပ္ပါယ်ကို ကမ်း ကောင်းကောင်းသဘောပေါက်သောကြောင့် ရှက်စိတ်ဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားရသည် ။

သို့သော် ...
ပြုံးလိုက်ပြီး

" မင်းကိုခြေလက်ဆေးဖို့ထခိုင်းတာ တခြားမတွေးနဲ့ "

ဟု ပြောလိုက်သည် ။ ကမ်း၏စကားအဆုံးတွင် 9 က ဖွင့်ထားသောမျက်လုံးများကိုမှိတ်ကာ

" ပင်ပန်းတယ် ... မထတော့ဘူး "

ဟု ပြောသည် ။ 9က သန့်ရှင်းရေးလုပ်ရန် ငြင်းဆန်နေသောကြောင့် ကမ်း ထပ်မတိုက်တွန်းတော့ပဲ ကုတင်ပေါ်မှဆင်းကာ ချွတ်ချထားသောအဝတ်အစားများကို ကောက်ယူလိုက်သည် ။ ထို့နောက် ကြမ်းပြင်ပေါ်မှစောင်ကိုကောက်ကာ ကုတင်ပေါ်တင်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

(122)

ကမ်း ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲမှပြန်ထွက်လာသောအခါ 9က ကုတင်ပေါ်တွင် ငြိမ်သက်စွာအိပ်ပျော်နေပြီဖြစ်သည် ။ ကမ်း အိပ်ပျော်နေသော 9၏မျက်နှာကိုငေးကာ ဖွဖွပြုံးလိုက်သည် ။ ပြီးမှ ရေပတ်ဝတ်ကိုယူကာ ညစ်ပတ်သွားသော 9၏လက်များကို သုတ်ပေးလိုက်သည် ။ ထို့နောက် မျက်နှာမသစ်ရသေးသည်မှာ သုံးရက်ရှိပြီဟု ပြောထားသော မျက်နှာကို ရေစိုဝတ်အသန့်တစ်ခုနှင့် သုတ်ပေးလိုက်သည် ။ ရေစိုဝတ်နှင့်သုတ်ပေးနေစဉ် 9၏မျက်လုံးများက အနည်းငယ်ပွင့်လာသော်လည်း 9က မည်သည့်စကားမှမဆိုပဲ ငြိမ်နေသည် ။ ကမ်း 9၏ မျက်နှာနှင့်လက်တို့ကို သန့်စင်ပေးပြီးသောအခါမှ 9၏နဖူးကို ခပ်ဖွဖွလေးနမ်းလိုက်သည် ။

He is my DOLL(19)Onde histórias criam vida. Descubra agora