24. ⚠️

6.4K 315 0
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(231)

ကမ်း ဤနေရာသို့ အရောင်းအဝယ်ကိစ္စကြောင့် ရောက်လာခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ ကလေးထိန်းနေရသကဲ့သို့ဖြစ်နေသည် ။ မည်သည့်အချိန်ကတည်းက ကမ်းအပြင်ထွက်မည်ကို ချောင်းနေမှန်းမသိသော 9က ကမ်းအပြင်ထွက်ရန်ပြင်သည်ကိုတွေ့သည်နှင့် အပြေးရောက်လာကာ

" ကမ်းလက် ... ခင်ဗျားဘယ်သွားမလို့လဲ ... ကျွန်တော့်ကိုရောခေါ်သွားပါ "

ဟု ပြောသည် ။ အခြားကိစ္စဆိုလျှင် 9၏စကားကို ပယ်ရှားမိမည်မဟုတ်သော်လည်း ယခုသွားမည့်ကိစ္စက အရောင်းအဝယ်ကိစ္စဖြစ်သောကြောင့် 9ကိုခေါ်သွား၍မရ ။ ထို့ကြောင့် 9ကို ပြုံးပြလိုက်ပြီး

" ဒီနေ့တော့မဖြစ်ဘူး ... အပြင်ထွက်ချင်ရင် နောက်နေ့မှသက်သက်ပို့ပေးမယ်ကွာ "

ဟု ပြောလိုက်သည် ။ ကမ်း၏ထိုစကားအဆုံးတွင် 9က မကျေမနပ်ဖြင့်

" ပြီးရင်ကတိဖျက်မှာပဲကို စောက်ပိုတွေ "

ဟု ပြောသည် ။ ယခင်တစ်ခါက ကတိဖျက်ခဲ့မိသည်ကို 9က ယခုအချိန်အထိမမေ့သေးသဖြင့် ကမ်း မိမိကိုယ်ကိုယ် အပြစ်တင်မိသည် ။

သို့သော် ...
ယခုအခြေအနေက 9ကို အမှန်တကယ်ပင် ခေါ်သွား၍မရသောကြောင့်

" 9 ... ငါတောင်းပန်ပါတယ် ... အခုကတကယ်အလုပ်ကိစ္စမို့လို့ "

ဟု ပြောလိုက်သည် ။ ထိုအခါ 9က

" ပြောလိုက်ရင်အမြဲတမ်းအလုပ်ကိစ္စချည်းပဲ "

ဟု ပြောကာ မကျေမနပ်ဖြင့် အခန်းထဲဆောင့်အောင့်ကာဝင်သွားသည် ။ 9စိတ်ကောက်သွားပြီဖြစ်ကြောင်း သိသော်လည်း ချိန်းထားသည့်အချိန်က နီးနေပြီဖြစ်၍ စိတ်မအေးစွာနှင့်ပင် ချိန်းထားသောနေရာသို့ ထွက်လာခဲ့လိုက်သည် ။

(232)

အရောင်းအဝယ်လုပ်ရမည့်ကိစ္စဖြစ်သောကြောင့် စာချုပ်စာတမ်းများအပြင် လက်နက်အချို့လည်းလိုသည် ။ ထိုပစ္စည်းများကို ကမ်းက ကားနောက်ဖုံးတွင်ထားလေ့ရှိသောကြောင့် ချိန်းထားသည့်နေရာသို့ရောက်သည်နှင့် ပစ္စည်းများယူရန် ကားနောက်ဖုံးကိုဖွင့်လိုက်သည် ။ ထိုအခါ နောက်ဖုံးတွင်လှဲ၍ မိန့်မိန့်ကြီးပါလာသော 9ကို မမျှော်လင့်စွာ တွေ့လိုက်ရသည် ။ 9က ကမ်းကိုရယ်ပြ၍

He is my DOLL(19)Wo Geschichten leben. Entdecke jetzt