41.(Z)

1.6K 39 1
                                        

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(401)

" 9 က တကယ်သူတို့ကိုအလုပ်ထုတ်ပစ်လိုက်တာလား "

ဟု တအံ့တသြမေးလိုက်သော ကမ်းကို ဝဏ္ဏက ခေါင်းညိတ်ပြကာ

" ဟုတ်ပါတယ် ဘော့စ် "

ဟူ၍ ပြန်ဖြေသည် ။ ထို့ကြောင့်

" ဘာဖြစ်လို့တဲ့လဲ "

ဟု ထပ်မေးလိုက်သည် ။

" အချိုးမပြေလို့တဲ့ "

ဟု ပြန်ဖြေသော ဝဏ္ဏ၏အဖြေစကားကြောင့် သဘောကျသွားကာ တဟားဟားအော်ရယ်လိုက်မိသည် ။ ပြီးမှ မျက်နှာကို ပြန်တည်လိုက်ကာ

" အဲ့ဒီလူတွေနေရာမှာ ဘယ်သူတွေကိုအစားထိုးလိုက်လဲ "

ဟု မေးခွန်းထုတ်လိုက်သည် ။ ဝဏ္ဏက

" အစ်ကိုလေးရဲ့လူတွေကိုပဲခန့်မယ်လို့ ပြောထားပါတယ် ဘော့စ် "

ဟု 9 ၏ လှုပ်ရှားမှုမှန်သမျှကို အစီအရင်ခံသောကြောင့် ခေါင်းညိတ်လိုက်ပြီး

" နောက်ထပ်ရော ... ထူးခြားတာရှိသေးလား "

ဟူ၍ မေးလိုက်သည် ။

" မနက်ဖြန် အစ်ကိုလေးက ကုမ္ပဏီမှာ အကုန်လုံးကို စကားနည်းနည်းပြောစရာရှိတယ်ပြောလို့ ပြင်ဆင်ထားပါတယ် "

ဟူသော ဝဏ္ဏ၏ စကားအဆုံးတွင် ကမ်း ခေါင်းညိတ်လိုက်သည် ။ စိတ်ထဲမှလည်း

" ငါ့ကောင်လေးက ဘယ်အချိန်ကတည်းက ငါ့ကိုအရိပ်လိုကြည့်နေတာလဲမသိဘူး "

ဟူ၍ ကြည်နူးစွာတွေးလိုက်မိသည် ။

(402)

ကုမ္ပဏီအတွင်းရှိ LED BOARD များသာမကပဲ တီဗီပေါ်တွင်ပါ ပေါ်နေသော 9 ၏ ပုံရိပ်ကိုကြည့်၍ ကမ်း ပြုံးလိုက်မိသည် ။ ခန့်ညားနေသော 9 ၏ ပုံစံက စီအီးအိုဖြစ်သည်မှာ တစ်လပင်မပြည့်သေးသူဟု အကြောင်းမသိသေးသူအားပြောလျှင် ထိုလူပင်ယုံနိုင်မည်မဟုတ် ။

He is my DOLL(19)Where stories live. Discover now