21.(Z) 🚨

3.2K 70 0
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(201)

ယခုတလော ကမ်းလက်ကရောက်မလာပြန်သဖြင့် ပိုင်တစ်ယောက်ထဲ စားလိုက်သောက်လိုက် ၊ အိပ်လိုက်စာဖတ်လိုက် ၊ ဂိမ်းဆော့လိုက်နှင့် အထီးကျန်နေရပြန်သည် ။ ထို့ကြောင့် မကျေမနပ်နှင့်

" အလကားသက်သက် လူကိုခေါ်တုန်းကခေါ်ထားပြီးတော့ သူလည်းအဖော်လုပ်ပေးနိုင်တာမဟုတ်ဘူး "

ဟု ရေရွတ်လိုက်သည် ။ ကမ်းလက်ကို မျှော်နေစဉ်မှာပင်

" 9 "

ဟု ခေါ်လိုက်သောအသံနှင့်အတူ ကမ်းလက်က အခန်းထဲဝင်လာသည် ။ ကမ်းလက်ကိုကြည့်ရသည်မှာ သိသိသာသာပိန်သွားပြီး မျက်နှာကလည်း အတော်ချောင်သွားသောကြောင့် သနားစိတ်ဝင်ရပြန်သည် ။ ကမ်းလက်က အူကြောင်ကြောင်နှင့်ရပ်နေသော ပိုင့်အနားသို့လျှောက်လာပြီး

" မင်းကိုလွမ်းနေခဲ့တာ "

ဟု ပြောကာ ပိုင့်တစ်ကိုယ်လုံးကို သိမ်းကြုံး၍ဖက်သည် ။ ဖက်နေရင်းကပင် ပိုင့်ပုခုံးကို ခပ်ဖွဖွနမ်းကာ

" ဒီအနံ့လေးကိုလွမ်းနေတာ "

ဟု ပြောသည် ။ ထိုသို့ပြောလာသော ကမ်းလက်ထံမှ နေလောင်နံ့ကဲ့သို့သောအနံ့ကို ရနေသဖြင့် ပိုင် ကမ်းလက်၏လက်ထဲမှ ရုန်းထွက်လိုက်ပြီး

" ကျွန်တော်က ဘယ်မှထွက်မပြေးဘူး စွတ်ဖက်မနေနဲ့ .... ကိုယ့်ကိုယ်ကိုယ်အရင်ဂရုစိုက်ပြီး ရေမိုးချိုးကိုယ်လက်သန့်စင်လိုက်အုံး "

ဟု ပြောလိုက်သည် ။ ထိုအခါ ကမ်းလက်က ရယ်၍ လည်ပင်းကိုပွတ်ကာ

" အဲ့ဒီလေါက်တောင်နံနေပြီလား "

ဟု မေးသည် ။ ရယ်ဟဟလုပ်နေသော ကမ်းလက်ကိုကြည့်ကာ စိတ်တိုလာသောကြောင့်

" ဟုတ်တယ် .... နံတာမှတအားပဲ "

ဟု ပြောပြီး ရေချိုးခန်းဆီသို့ ဆွဲခေါ်လာခဲ့လိုက်သည် ။

He is my DOLL(19)Where stories live. Discover now