20.

4.5K 314 2
                                    

He is my DOLL

ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါ ။

(191)

အပြင်ရောက်သည်နှင့် မှိုင်းညို့နေသော 9၏မျက်လုံးများက သိသိသာသာ အရောင်တောက်လာသည် ။ ထို့ကြောင့် ကမ်း ပြုံးလိုက်ပြီး 9၏ပုခုံးကိုဖက်လိုက်ကာ

" အပြင်ထွက်ရတာ အဲ့ဒီလောက်တောင်ကြိုက်တာလား ... ဟုတ်လား "

ဟု မေးလိုက်သည် ။ ထိုအခါ 9က ကမ်း၏လက်ကိုဖယ်ချကာ

" ကျွန်တော့်ဘဝရဲ့ သုံးပုံနှစ်ပုံလောက်က အပြင်မှာနေရင်းကုန်သွားတာ "

ဟု ဖြေသည် ။ ထို့နောက် အာရုံက အခြားနေရာသို့ရောက်သွားကာ

" ဟိုမှာ Burger King ... ဟမ်ဘာဂါစားရအောင် "

ဟု ပြောပြီး ကမ်းကို ဟမ်ဘာဂါဆိုင်ဘက်သို့ ဆွဲသွားသဖြင့် 9အနောက်သို့ ကမ်း ကန့်လန့်ကန့်ကန့်နှင့် လိုက်သွားရတော့သည် ။ 9ကမူ ကမ်းကို လှည့်ပင်မကြည့်တော့ပဲ ကောင်တာတွင် စားလိုသည်များကို မှာကြားနေသည် ။ ထို့ကြောင့် ကမ်းလည်း 9အနောက်တွင် ရပ်နေလိုက်သည် ။

(192)

9 ဟမ်ဘာဂါမှာနေစဉ် ကမ်းတို့အနောက်သို့ ဧည့်သည်ကောင်မလေးနှစ်ယောက်က ထပ်ရောက်လာသည် ။ ထိုကောင်မလေးနှစ်ယောက်က ပိုက်ဆံရှင်းနေသော 9ကိုကြည့်၍ တတွတ်တွတ်ပြောနေသောကြောင့် ကမ်း ထိုကောင်မလေးနှစ်ယောက်ပြောနေသည့်စကားကို နားစွင့်လိုက်သည် ။ 9အား သဘောကျသည့်အကြောင်း ပြောနေကြသဖြင့် ကမ်း အူတိုသွားမိသည် ။ ထို့ကြောင့် အနောက်မှနေ၍ 9၏ခါးကိုဖက်လိုက်သည် ။ အခြေအနေကိုမသိသော 9က ကမ်းကိုလှည့်ကြည့်ကာ

" လူကြားထဲမှာ ဘာဖြစ်နေတာလဲ "

ဟု မေးသည် ။ အနောက်မှ ကောင်မလေးနှစ်ယောက်က ကမ်း 9ကိုဖက်လိုက်သည်ကို တွေ့သွားပြီး

" ဟယ် "

" ပိုင်ရှင်ကြီးနဲ့ဟ ... အရှေ့ကတစ်ယောက်က Uke ထင်တယ် "

He is my DOLL(19)Où les histoires vivent. Découvrez maintenant